အိမ်နီးချင်းနိုင်ငံများနှင့်မျှဝေသုံးစွဲရန် ဆက်သွယ်ရေးဂြိုဟ်တု အိန္ဒိယလွှတ်တင် (ရုပ်သံ)

အိန္ဒိယအစိုးရဟာ သူ့အိမ်နီးချင်း နိုင်ငံလေးတွေနဲ့ မျှဝေသုံးဖို့ ဆက်သွယ်ရေး ဂြိုဟ်တု တလုံးကို မေ ၅ ရက်နေ့က လွှတ်တင်လိုက်ပါတယ်။ ဒေသတွင်း နာမည်ကောင်း တည်ဆောက်ဖို့နဲ့ တရုတ်သြဇာလွှမ်းမှု တန်ပြန်ဖို့ အားထုတ်မှု အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။ ဒီဂြိုဟ်တုဟာ တောင်အာရှနိုင်ငံတွေအတွက် လက်ဆောင်လို့လည်း အိန္ဒိယဝန်ကြီးချုပ် နရင်ဒြာမိုဒီက ပြောပါတယ်။ သူဟာ အိမ်နီးချင်း ပါကစ္စတန်၊ နီပေါနဲ့ သီရိလင်္ကာ နိုင်ငံတွေနဲ့ ဆက်ဆံရေး အားဖြည့်ဖို့ ကတိနဲ့ ဝန်ကြီးချုပ် ဖြစ်လာတာပါ။ ဂြိုဟ်တု လွှတ်တင်ချိန်မှာ တောင်အာရှ နိုင်ငံခေါင်းဆောင်တွေလည်း ရုပ်သံညီလာခံကနေ တဆင့် အောင်မြင်မှုကို ကြည့်ခဲ့ကြပါတယ်။ လောလောဆယ်ထိ အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ နီပေါ၊ သီရိလင်္ကာနဲ့ မော်လ်ဒိုက် နိုင်ငံတွေက ဒီဂြိုဟ်တုကို သုံးဖို့ လက်မှတ်ထိုးထားပါပြီ။ ပါကစ္စတန်ကတော့ ဒီစီမံကိန်းမှာမပါဘဲ သူ့ကိုယ်ပိုင် ဂြိုဟ်တုအတွက် အလုပ်လုပ် နေတယ်လို့ ပြောပါတယ်။ ဒီဂြိုဟ်တုရဲ့ ဝန်ဆောင်မှုတွေထဲမှာ ရုပ်သံလိုင်းတွေ ဘဏ်တွေရဲ့ ငွေထုတ်စက်တွေနဲ့ e-governance စနစ်အတွက် ဆက်သွယ်ရေး နည်းပညာတွေ၊ ဆယ်လူလာ ကွန်ရက်တွေ အတွက် အရံဝန်ဆောင်မှုတွေ ပါတယ်လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up