မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်မှု တင်းကျပ်သည့်ဥပဒေ အမေရိကန် အောက်လွှတ်တော် အတည်ပြု

ဓာတ်ပုံ - ရိုက်တာ
မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်မှု တင်းကျပ်ထားတဲ့ ဥပဒေကို အမေရိကန် အောက်လွှတ်တော်က မေလ ၄ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။ မြောက်ကိုရီးယားနဲ့ စီးပွားရေးတွဲလုပ်တဲ့ ကုမ္ပဏီတွေနဲ့ သင်္ဘောလုပ်ငန်းတွေကို ပစ်မှတ်ထား ဒဏ်ခတ်တာလည်း ဖြစ်ပါတယ်။ ဒီဥပဒေကို ထောက်ခံမဲ ၄၁၉ မဲ၊ ကန့်ကွက်မဲ ၁ မဲနဲ့ အတည်ပြုလိုက်တာပါ။ ဒီဥပဒေကို အထက်လွှတ်တော်မှာ အတည်ပြုခဲ့ရင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လက်မှတ်ထိုးပြီး ဥပဒေအဖြစ် အသက်သွင်းမှာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားကို ဒဏ်ခတ်မှု တင်းကျပ်တဲ့ ဥပဒေကို အထက်လွှတ်တော်ကို တင်ပြီးပေမယ့် ဘယ်အချိန်မှာ အထက်လွှတ်တော်က ဒီဥပဒေမူကြမ်းနဲ့ပတ်သက်ပြီး ဆွေးနွေးမယ်ဆိုတာ ချက်ချင်း မသိရသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up