နီပေါနိုင်ငံမှ ဈေးအသက်သာဆုံးနဲ့ အရည်အသွေးမြင့်တဲ့ ကျောင်း
DVB
·
January 12, 2012
နီပေါနိုင်ငံမှာ ကော်ဖီတခွက်သောက်ရင် ၁ ဒေါ်လာ ကျပါတယ်။ ဥူတမ် ဆန်ဂျေလ်း ဆိုသူဟာ နီပေါမှာ နေ့ကလေးထိန်းကျောင်းကနေ အထက်တန်းကျောင်းအထိ ကျောင်း ၂၀ လောက် ဖွင့်ထားပါတယ်။ သူ့ကျောင်းတွေမှာ အရည်အသွေးမီ ပညာသင်ကြားရေး ပေးနေပေမဲ့၊ တလကို ကော်ဖီတခွက်ဖိုး ၁ဒေါ်လာ လောက်ပဲ ကောက်ယူပါတယ်။ ဆင်းရဲတဲ့ မိသားစုတွေရဲ့ ကလေး ၂ သောင်းကျော်ဟာ သူ့ကျောင်းတွေမှာ ပညာ သင်ယူနေပါတယ်။ သူ့ကျောင်း နာမည်က ‘ဆမာတာ’ လို့ ခေါ်ပြီး အားလုံးအတွက် တန်းတူညီမျှမှုလို့ အဓိပ္ပါယ်ရပါတယ်။ ဒီအကြောင်း ခါသမန်ဒူမြို့ကနေ သတင်းထောက် ‘ရာဂျန် ပါရာဂျူလီယာ’(Rajan Parajuli) က သတင်းပေးပို့ထားတာကို နားဆင်ကြရမှာ ဖြစ်ပါတယ်။ ဒီဘာသာပြန် သတင်းဆောင်းပါးကို ရဲမြင့်ကျော်က ဘာသာပြန်ပြီး ယုယမိုးက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။ အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။