Home အာရှဒေသ တရုတ်နိုင်ငံမှာ ကျေးလက်မှ မြို့ပြပြောင်းရွှေ့လာသူ သန်းပေါင်းများစွာကို ထိန်းချုပ်ဖို့စတင်
တရုတ်နိုင်ငံမှာ ကျေးလက်မှ မြို့ပြပြောင်းရွှေ့လာသူ သန်းပေါင်းများစွာကို ထိန်းချုပ်ဖို့စတင်
china_land_grab_web_120107 တရုတ်နိုင်ငံ ကျေးလက်ဒေသက လူတွေဟာ အစုလိုက်အပြုံလိုက် မြို့ပြကို ပြောင်းရွှေ့နေကြတာကြောင့် မြို့ကြီးတွေမှာ နေရာအလွတ် မကျန်တော့ မရှိသလောက်ကို ဖြစ်နေပါတယ်။ အကျိုးဆက်က မြေယာအငြင်းပွားမှုတွေ များလာတာပါ။ နှစ်တိုင်း တရုတ်တနိုင်ငံလုံးမှာ မြေကိစ္စအတွက် ထောင်သောင်းချီ ဆန္ဒပြမှုတွေ ရှိနေပါတယ်။ မကြာခင်က တရုတ်ပြည်တောင်ဘက်က ဝူခန်မြို့မှာ မြေအငြင်းပွားမှုကြောင့် မကြုံစဖူး ပုန်ကန်ထကြွမှုတွေတောင် ဖြစ်ခဲ့ပါတယ်။ မြို့လူထုနဲ့ ကျေးရွာတွေက ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေကို ရောင်းချဖို့ အစိုးရ အာဏာပိုင်တွေက မြေတွေကို လိုက်သိမ်းပိုက်နေတယ်လို့ ပြောဆိုပါတယ်။ သူတို့က ဒေသအာဏာပိုင်တွေကို မြို့ထဲကနေ မောင်းထုတ်ဖို့ လုပ်ခဲ့ပြီး၊ နောက်ဆုံး လူထုနဲ့ အုပ်ချုပ်ရေးအဖွဲ့တို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။ တရုတ်ကျေးလက်နဲ့ မြို့ကြီးတွေကြားမှာ ကွာဟချက်တွေကို ကျဉ်းမြောင်းအောင် လုပ်ဖို့ နည်းလမ်းတွေ ရှာဖို့ လိုနေပြီလို့ လူထုက ဒေသအစိုးရကို ဖိအားပေးလာကြပါတယ်။ တရုတ်နိုင်ငံ တောင်ဘက် ချောင်ကင်းမြို့မှ သတင်းထောက် ရေဘက်ကာ ဗဲလ်လီ(Rebecca Valli) က သတင်းပေးပို့ထားတာပါ။ ဒီဘာသာပြန် သတင်းဆောင်းပါးကို ရဲမြင့်ကျော်က ဘာသာပြန်ပြီး ယုယမိုးကစီစဉ် တင်ဆက်ထားတာဖြစ်ပါတယ်။ အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။
ဆက်စပ်သတင်းများ