Home
သတင်းဓာတ်ပုံ
ရောမမြို့ရောက် ဒေါ်အောင်ဆန်းစုကြည် အီတလီနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံ
DVB
·
May 4, 2017
homedassk
Dassk
18300930_687014031498895_7653725139266006200_n
18199450_1187516908042840_792970196681789184_n
18199438_687014028165562_5158271548498600905_n
Dassk
  ဥရောပ၃နိုင်ငံကို တရားဝင်ခရီးလှည့်နေတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အီတလီနိုင်ငံ ရောမမြို့မှာ ရောက်ရှိနေပြီး မနေ့က အီတလီ နိုင်ငံခြားရေး ၀န်ကြီး အန်ဂျလီနို အလ်ဖာနို နဲ့တွေ့ဆုံခဲ့ပါတယ်။ အီတလီနိုင်ငံအနေနဲ့  မြန်မာနိုင်ငံမှာ  ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ငြိမ်းချမ်းစွာရုန်းကန်လှုပ်ရှားမှုကို အားပေးထောက်ခံဖို့ တွေ့ဆုံခဲ့တာလို့ အီတလီနိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ  အီတလီ ဝန်ကြီးချုပ်ဟောင်း ရိုမာနိုပရိုဒီနဲ့လည်း သီးခြားတွေ့ဆုံခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒီတွေ့ဆုံပွဲကို မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဒုဝန်ကြီး ဦးကျော်တင်၊ အီတလီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်နောင်နဲ့  တာဝန်ရှိသူတွေလည်းတက်ရောက်ခဲ့ပြီး တွေ့ဆုံဆွေးနွေးတဲ့ အကြောင်းအရာတွေကိုတော့ မသိရသေးပါဘူး။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ အီတလီခရီးစဉ်မှာ ဗာတီကန်မြို့ကိုသွားရောက်ပြီး ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်နဲ့လည်း ဒီကနေ့တွေ့ဆုံဖို့ရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အီးယူဥရောပ သမဂ္ဂရုံးစိုက်ရာ ဘယ်လ်ဂျီယံနိုင်ငံကနေ အီတလီနိုင်ငံကို  ၂ရက်ခရီးရောက်ရှိလာတာဖြစ်ပြီး အီတလီ ခရီးစဉ်အပြီးမှာ ဗြိတိန်နိုင်ငံကို ဆက်လက်သွားရောက်ဖို့ ရှိနေပါတယ်။ ဓာတ်ပုံ- MOI / Farnesina    
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024