မြွေဟောက်နှင့် ဓာတ်ပုံရိုက်သည့် အမျိုးသား မြွေကိုက်သေဆုံး (ရုပ်သံ)

အိန္ဒိယနိုင်ငံ ဂျော့ပူးဝါးမြို့လေးမှာ ခရီးသွားဧည့်သည် အမျိုးသားတဦးဟာ မြွေထိန်းရဲ့အကူအညီနဲ့ လည်ပင်းနား မြွေဟောက်တကောင်ကိုထားပြီး ဓာတ်ပုံရိုက်ခဲ့ရာ မြွေကိုက်ခံရပြီး သေဆုံးသွားတယ်လို့ မေရာရဲ့ ဧပြီ ၁၁ ရက်နေ့သတင်းမှာ ဖော်ပြထားပါတယ်။ ရုပ်သံထဲမှာ ခရီးသွားဧည့်သည် အမျိုးသားက မြွေဟောက်နဲ့ ဓာတ်ပုံရိုက်ခံနေတုန်း မြွေက သူ့ရဲ့နားထင်ကို ကိုက်လိုက်တာပါ။ အဲဒီအမျိုးသားက သူ့ကို မြွေကိုက်လားလို့  မြွေထိန်းကိုမေးပေမယ့် မြွေထိန်းက လျစ်လျူရှုပြီး ဘာမှ ပြန်မဖြေခဲ့ပါဘူး။ အဲဒီနောက် သိပ်မကြာခင်မှာပဲ မြွေကိုက်ခံခဲ့ရတဲ့ အမျိုးသား သတိမေ့လဲကျသွားခဲ့ပါတယ်။ သေလုမြောပါးဖြစ်နေတဲ့ သူ့ကို ဆေးရုံပို့ရမယ့်အစား ဂျော့ပူးဝါးမြို့ကလေးက ဆေးဝန်ထမ်းကပဲ လာရောက်ကုသပေးလို့ နောက်ဆုံးမှာ ခရီးသွားဧည့်သည် သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။ မြွေဟောက်အဆိပ်ကြောင့် အသက်ရှူလမ်းကြောင်းနဲ့ နှလုံး ရပ်သွားတာ၊ ခန္ဓာကိုယ် တပိုင်းသေတာမျိုးတွေ ဖြစ်တတ်ပြီး နောက်ဆုံး သေဆုံးတတ်တယ်လို့ ဆိုပါတယ်။ မြွေကိုက်တာကို မြွေဆိပ်ဖြေဆေး တမျိုးတည်းကသာ ကုသနိုင်ပေမယ့် မြွေဟောက်ကိုက်ခံရလို့ အရေးတကြီးဖြစ်နေတဲ့ လူနာတွေရဲ့ အသက်ကို ကယ်ဆယ်နိုင်ဖို့ အသက်ကယ်ကိရိယာတွေ အသုံးပြုရတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up