သင်္ကြန်ကာလအတွင်း ရခိုင်ရိုးရာ နံ့သာသွေးပြိုင်ပွဲ ကျင်းပပြုလုပ်မည်
DVB
·
April 12, 2017

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်မှာ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းတဲ့အနေနဲ့ ရခိုင်ရိုးရာ နံ့သာသွေးပြိုင်ပွဲကို ပထမအကြိမ် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ခွင့်ပြုရန်ပုံငွေ ၁၀ သိန်းကျပ်နဲ့ ရိုးရာ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း သက်ကြီးပူဇော်တာ၊ ပရိတ်တရားတော် နာကြားတာနဲ့ ရခိုင်ရိုးရာ နံ့သာသွေးပြိုင်ပွဲတွေကို ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းတဲ့အနေနဲ့ စည်ကားသိုက်မြိုက်စွာ ပြုလုပ်သွားမှာဖြစ်တယ်လို့ ရမ်းဗြဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်းက ပြောပါတယ်။
ရမ္မာဝတီ ရိုးရာ နံ့သာသွေးပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၉ သင်း ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး တသင်းကို ပြိုင်ပွဲဝင် ၁၀ ဦး ပါဝင်မှာဖြစ်ကာ ပထမဆုအဖြစ် ငွေကျပ် ၆ သောင်း၊ ဒုတိယဆုအဖြစ် ငွေကျပ် ၅ သောင်း၊ တတိယဆုအဖြစ် ငွေကျပ် ၄ သောင်းနဲ့ နှစ်သိမ့်ဆုအဖြစ် ငွေကျပ် ၃ သောင်းစီ ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။
သတင်း၊ ဓာတ်ပုံ - ယူမင်းစိုး