ဖိလစ်ပိုင်တွင် ငလျင်လှုပ်ခတ်လို့ ဈေးဝယ်စင်တာကြီးမှလူများ အထိတ်တလန့် ထွက်ပြေး (ရုပ်သံ)

ဖိလစ်ပိုင်နိုင်ငံမှာ စွမ်းအားမြင့် ငလျင် ၃ ကြိမ် ဆက်တိုက်လှုပ်ခတ်လို့ ထိတ်လန့်နေတဲ့ ဈေးဝယ်သူတွေဟာ ဈေးဝယ်စင်တာကြီးကနေ ထွက်ပြေးခဲ့ကြတယ်လို့ ဧပြီ ၉ ရက်နေ့မေရာသတင်းမှာ ရေးထားပါတယ်။ ရုပ်သံထဲမှာ ၅.၉ မဂ္ဂနီကျု့အတိုင်းအတာ ငလျင်လှုပ်ပြီးနောက် ဘာတန်ဂက်စ်မြို့ရှိ ငလျင်ဗဟိုချက်နဲ့နီးတဲ့ အက်စ်အမ်စီးတီးဈေးဝယ်စင်တာကနေ စိုးရိမ်ထိတ်လန့်နေတဲ့ ဈေးဝယ်တွေက အပြင်ဘက် လွတ်မြောက်ရာကို အော်ဟစ် ထွက်ပြေးနေကြတဲ့ မြင်တွေ့ရတာပါ။ မြို့ကလူတွေကိုလည်း ဘေးကင်းရာကို ရွှေ့ပြောင်းပေးထားရတယ်လို့ သိရပါတယ်။ ဖိလစ်ပိုင်ရဲ့အကြီးဆုံးကျွန်းဖြစ်တဲ့ လုစောင်ကျွန်းမှာလည်း ငလျင် ၃ ကြိမ်လှုပ်ခဲ့ပြီး စူနာမီဖြစ်နိုင်ခြေကို ထိတ်လန့်လို့ ကမ်းရိုးတန်းတစ်လျှောက်ရှိ  ဒေသခံရာဂဏန်းလောက်ဟာလည်း မြေမြင့်ရာနေရာတွေမှာ ရှိနေကြတာပါ။ ၅.၉ မဂ္ဂနီကျု့ရှိတဲ့ ငလျင်ဟာ မိနစ် ၂၀ လောက်လှုပ်သွားတယ်လို့ အမေရိကန် ဘူမိဗေဒသုတေသနမှတ်တမ်းအရ သိရပါတယ်။ “ငလျင်လှုပ်ပြီးနောက် ကမ်းရိုးတန်းတစ်လျှောက်ရှိ မြို့ ၂ မြို့အတွင်း ရွာတွေက လူတွေကို ဘေးကင်းရာနေရာတွေသို့ ရွှေ့ပြောင်းပေးထားတယ်” လို့ ဘာတန်ဂက်စ်မြို့ သဘာဝဘေးအန္တရာယ် ကောင်စီရဲ့ အကြီးအကဲ လစ်တိုကက်စထရိုက ပြောပါတယ်။ ဆူနာမီဖြစ်လောက်အောင် ငလျင်က အင်အားမရှိဘူးလို့ ဖိလစ်ပိုင်သက်ဆိုင်ရာ အာဏာပိုင်တစ်ဦးကလည်း ပြောပါတယ်။ ငလျင်ဒဏ်ကြောင့် အချို့နေရာတွေမှာ လျှပ်စစ်မီးတွေ ပြတ်တောက်နေပြီး အိမ်တွေနဲ့ အချို့စီးပွားရေးအဆောက်အအုံတွေမှာ အက်ကွဲရာတွေ ဖြစ်တယ်လို့ သိရပါတယ်။ အချို့မြို့တွေမှာ မြေပြိုမှုတွေဖြစ်ပြီး ကက်သလစ်ဘုရားရှစ်ခိုးကျောင်း မျှော်စင်လည်း ပြိုကျတယ်လို့ ဆိုပါတယ်။ အခုအပတ်အစောပိုင်းတုန်းကလည်း အဲ့ဒီဒေသမှာ မြေငလျင်တွေလှုပ်ခဲ့ပါသေးတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up