Home
မြန်မာသတင်း
အစာအဆိပ်သင့်မှုကြောင့် လူ ၄၀၀ ခန့် မြောင်းမြဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ရ
DVB
·
March 24, 2017
မြောင်းမြမြို့နယ် အိမ်တစ်လုံးကျေးရွာမှာ မတ် ၂၃ ရက်က ရှင်ပြုပွဲအလှူတစ်ခုအတွင်း ငါးသလောက်ပေါင်း စားမိရာကနေ လူရာနဲ့ချီ အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့တာကြောင့် ဆေးကုသမှုခံယူခဲ့ရပြီး ဒီနေ့မှာတော့ လူနာတွေ သက်သာလာလို့ နေရပ်ပြန်ဖို့ သက်ဆိုင်ရာက ကားတွေ စီစဉ်ပေးခဲ့ပါတယ်။ ဆေးရုံရဲ့စာရင်းအရ မနေ့က ဆေးရုံတက်ရောက်သူ ၃၆၀ ကျော်ရှိပြီး ကလေး ၈၀  လောက်၊ လူကြီး ၂၈၀ ကျော် ဆေးကုသမှုခံယူခဲ့ရတယ်လို့ အစာအဆိပ်သင့်တဲ့လူနာတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ကရုဏာရှင်လူငယ်များအသင်းက ကိုဝေလင်းအောင်က ပြောပါတယ်။ အလှူကို အနီးမှာရှိတဲ့ ကျေးရွာသုံးရွာက ရွာသားတွေ လာရောက် စားသောက်ခဲ့ကြပြီး ည ၆ နာရီလောက်မှာ မူးဝေတာ၊ အော့အန်တာ၊ ၀မ်းသွားတာ၊ ကိုယ်လက်မအီမသာဖြစ်တာတွေ ဖြစ်ပွားခဲ့တာလို့  အိမ်တစ်လုံးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလေးလွင်က ဒီဗွီဘီကိုပြောပါတယ်။ လူနာတွေကိုတော့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဌာနဆိုင်ရာတွေကလည်း လာရောက်ကူညီပေးနေကြပါတယ်။ လူနာအရေအတွက် များလွန်းတာကြောင့် ဆေးရုံမှာ နေရာမရှိတော့ပဲ ရွက်ဖျင်တဲထိုး နေရာချထားပေးခဲ့ရပြီး ဖြစ်ပွားတဲ့ကျေးရွာမှာလည်း ကျန်းမာရေးက တာဝန်ရှိသူတွေနဲ့ တပ်မတော်သားတွေ သွားရောက်ပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ရပါတယ်။ မတ် ၂၄ ရက်နေ့ မနက်ပိုင်းမှာတော့ လူနာတွေသက်လာပြီဖြစ်တဲ့အတွက် နေရပ်အသီးသီးကို ပြန်လည်ထွက်ခွာသွားကြပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက နေရပ်ကိုပြန်ဖို့ ကားတွေစီစဉ်ပေးခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024