Home ရင်ဖွင့်စာ/ပေးစာ ဟင်္သာတမြို့တွင်းက ဓာတ်ဆီသိုလှောင်ရုံတွေ ဖယ်ရှားပေးပါ
ဟင်္သာတမြို့တွင်းက ဓာတ်ဆီသိုလှောင်ရုံတွေ ဖယ်ရှားပေးပါ
viewe1 ရန်ကုန်မှာ သိုလှောင်ရုံ တခုကနေ ပေါက်ကွဲသံတခု ကြားရပြီးတော့ မီးလောင်တယ်ဆိုတာကို ဒီမိုကရက်တစ် မြန်မာ့အသံကနေ ကျနော်တို့ ကြည့်ရတယ်။ ဒါကို ဟင်္သာတ မြို့သူမြို့သား တယောက်အနေနဲ့ ပြောချင်တာကတော့ ကျနော်တို့ ဟင်္သာတမှာက ဓာတ်ဆီဂိုဒေါင်တွေရှိတယ်။ ဓာတ်ဆီသိုလှောင်တဲ့ရုံတွေက ဧရာရွှေဝါတို့၊ အေရှားဝေါလ်တို့က လုပ်တဲ့ ကုမ္ပဏီတွေဆိုရင် မြို့ပြင်မှာကို တကယ့်ကို စနစ်တကျ ကန်ကြီးတွေနဲ့ ပန့်တွေနဲ့ နိုင်ငံတော်အဆင့်မီ လုပ်နေပြီး မြို့ထဲမှာ မြို့နယ်က အုပ်ချုပ်ရေးအာဏာပိုင် အဖွဲ့အစည်း အဆင့်ဆင့်ကို လာဘ်လာဘပေးပြီးတော့ သူတို့ကရောင်းနေတဲ့ ဓာတ်ဆီဆိုင်တွေရှိတယ်။ နောက်ဆုံး ဘယ်လောက်အထိ ဓာတ်ဆီဆိုင်တွေက ဆိုးလဲဆိုရင် ခရိုင်ရဲတပ်ဖွဲ့မှူး အိမ်ရှေ့မှာလည်း ရှိတယ်။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဦးသိန်းစိုးကြီးရဲ့ မျက်စောင်းထိုးမှာလည်းရှိတယ်။ နတ်မောက်လမ်း တောက်လျှောက်မှာလည်းရှိတယ်။ ကားလုပ်တဲ့ ရွှေကမ္ဘာကားအိမ် ဆိုရင်လည်း လက်ဖက်ရည်ဆိုင်ထောင့်မှာ လှောင်ထားတာ ပေပါအလုံး ၃၀ လောက်ရှိတယ်။ နောက် ကုလားရေအိုးစင်နားမှာလည်း သီးသန့်လှောင်ခန်းတို့ ဘာတို့လည်း မရှိဘူး။ မရှိတော့ ဒီလိုပေါက်ကွဲမှုမျိုး တစုံတခုဖြစ်ခဲ့ရင် ဟင်္သာတမြို့ဟာ ဓာတ်ဆီလောင်းပြီး မီးရှို့တာနဲ့ အတူတူပဲ။
အဲ့တော့ ကျနော်ပြောချင်တာက ဟင်္သာတက အာဏာပိုင် အဖွဲ့အစည်းတွေက ပိုက်ဆံယူချင်လည်း ယူပါ။ ဒါပေမယ့် ရောင်းချခွင့် ပေးရုံပေးပါ။ သိုလှောင်ခွင့်တွေ မပေးပါနဲ့။ မြို့လယ်ခေါင်မှာ ဒီလိုရောင်းတာဟာ တရပ်ကွက်ကို ဓာတ်ဆီဂါလန် ပျမ်းမျှတွက်လိုက်မယ်ဆိုရင် ဂါလန် ၃၀ လောက်က ဖျန်းပြီးသားလို ဖြစ်နေတယ်ဗျာ။ အဲ့ဒါကို မီးလောင်နိုင်တဲ့ နေရာတွေမှာ အမြန်ဆုံး ဒါတွေကို ရှင်းလင်းဖယ်ရှား စေချင်လို့ ကျနော်တင်ပြလိုက်တာပါ။”
ဟင်္သာတမြို့ခံတဦး
ဆက်စပ်သတင်းများ