မြန်မာ့လယ်ယာနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လမ်းပြမြေပုံရေးဆွဲထား
DVB
·
March 16, 2017

မြန်မာ့လယ်ယာနဲ့ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်နိုင်ငံက နည်းပညာ အကူအညီပေးဖို့ နှစ်နိုင်ငံ ဝန်ကြီးဌာနချင်း သဘောတူလက်မှတ် ရေးထိုးထားပြီး လမ်းပြမြေပုံတခု ရေးဆွဲထားတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက ပြောပါတယ်။
အဲဒီလမ်းပြမြေပုံထဲမှာ ပါဝင်တဲ့ စီမံကိန်းတွေကို အခုနှစ်အတွင်းမှာ စတင်အကောင်အထည် ဖော်ဆောင်သွားမှာ ဖြစ်တယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက လက်ထောက်အတွင်းဝန် ဦးမျိုးတင့်ထွန်းက ပြောပါတယ်။
မြန်မာ့လယ်ယာနဲ့ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်နိုင်ငံအပြင် ဂျာမနီ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (giz) ကလည်း နည်းပညာအကူအညီတွေ ပေးနေပါတယ်။
သတင်း - AMIA