မြန်မာ့ရိုးရာ အိုးကြီးချက်ပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော် ကျင်းပမည်

ဓာတ်ပုံ - Myanmar Restaurant Association
မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းက ဦးစီးကျင်းပမယ့် မြန်မာ့ရိုးရာ အိုးကြီးချက်ပြိုင်ပွဲနဲ့ ဈေးရောင်းပွဲတော်ကို လာမယ့် ဇန်နဝါရီ ၂၅ ရက်ကနေ ၂၉ ရက်နေ့အထိ ရန်ကုန်မြို့ ဦးဝိစာရလမ်းက မိုင်ဒါကွင်းမှာ ၅ ရက်တာ ကျင်းပ ပြုလုပ်သွားဖို့ ရှိပါတယ်။ ဒီ ၅ ရက်တာမှာ မြန်မာ့ရိုးရာ လက်ဝှေ့အလံလုပွဲ၊ ရခိုင်ရိုးရာ ကျင်ကိုင်ပွဲနဲ့ မြန်မာ့ရိုးရာ အိုးစည်ဒိုးပတ် ဖိတ်ခေါ်ပြိုင်ပွဲတွေပါ ပြုလုပ်ကျင်းပသွားမှာပါ။ မြန်မာ့ရိုးရာ အိုးကြီးချက်ပြိုင်ပွဲက ချက်ပြုတ်ဟင်းလျာတွေကို စတုဒီသာအဖြစ် ပြန်လည်ကျွေးမွေးသွားဖို့ရှိတယ်လို့ မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းက ဆိုပါတယ်။ အိုးကြီးချက်ပြိုင်ပွဲအတွက် ဆုငွေတွေကို သိန်း ၅၀၊ သိန်း ၃၀၊ သိန်း ၂၀ အသီးသီးပေးသွားမှာပါ။ ရခိုင်ရိုးရာ ကျင်ကိုင်ပွဲအတွက် ရွှေမောင်းတန်း၊ ငွေမောင်းတန်းတွေ ချီးမြှင့်သွားမှာဖြစ်သလို မြန်မာ့ရိုးရာ လက်ဝှေ့အောင်လံလုပွဲကိုတော့ ဆုငွေ ၅ သိန်း ချီးမြှင့်သွားမှာဖြစ်ပါတယ်။ မြန်မာ့ရိုးရာ အိုးစည်ဒိုးပတ် ဖိတ်ခေါ်ပွဲအတွက် ဆုငွေတွေကတော့ ၁၀ သိန်းနဲ့ ၇ သိန်း၊ ၅ သိန်း တို့ကို ပထမ ဒုတိယ တတိယ ဆုတွေအတွက် ချီးမြှင့်သွားမှာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up