Home ရင်ဖွင့်စာ/ပေးစာ သုံးမရေတာ့တဲ့ ပိုက်ဆံအစုတ်တွေ လဲပေးပါ
သုံးမရတော့တဲ့ ပိုက်ဆံအစုတ်တွေ လဲပေးပါ
viewe1 ဧရာဝတီတိုင်း တတိုင်းလုံးမှာ ပိုက်ဆံအစုတ်တွေ မသုံးရတော့ဘူး။ လခစားသမားတွေကို အသစ်တွေ ထုတ်ပေးလိုက်တယ်။ အဲ့တော့ ဒီပိုက်ဆံ အစုတ်တွေက သိမ်းထားရတော့မှာလား။ ၇၅ ကျပ်တန်တို့ ၂၅ တန်တို့လိုမျိုး သိမ်းထားလိုက်ရမယ်ဆိုရင် မရှိတဲ့ လူတန်းစားမှာပဲ ဒီပိုက်ဆံအစုတ်တွေက အများဆုံး ရှိတယ်။ ဆိုတော့ ဒီပိုက်ဆံ အစုတ်တွေက ရပ်ကွက်ထဲက ဆိုင်တွေမှာလည်း သွားဝယ်လို့ မရဘူး။ အဲ့တော့ လက်လုပ်လက်စားသမားတွေ ထမင်းနပ်မှန်အောင် စားတဲ့ အဆင့်ကနေ ထမင်းနပ်မမှန်တော့တဲ့ ဘ၀ ရောက်နေတယ်။ ဒီဟာလေးတွေကို လဲပေးဖို့၊ လဲမပေးနိုင်ဘူးဆိုရင်လည်း တရားဝင် သုံးလို့ ရပါတယ်ဆိုတာကိုလည်း ကြေညာပေးစေချင်တယ်။ ကျမကတော့ သုံးရမယ်လို့တော့ မထင်တော့ဘူး။ လဲတဲ့လူတွေကလည်း ဘဏ်နဲ့ အဆက်အသွယ် ရှိတဲ့သူကလည်း ၁၀၀ ကို ၄၀ ယူတယ်ဆိုတော့ မရှိတဲ့သူက ဘယ်လိုလုပ် ၁၀၀ ကို ၄၀ လည်း မပေးနိုင်ဘူး။ လက်လုပ်လက်စားတွေက နေ့တိုးနဲ့ ယူပြီး လုပ်နေကြရတဲ့သူတွေဆိုတော့ နေ့တိုးတောင် နေ့မှန်အောင် မပေးနိုင်တာ ထမင်းတောင် နပ်မှန်အောင် စားရဖို့ အနိုင်နိုင် ဆိုတော့ ဒီဟာကို လဲဖို့ဆိုတာ ဘယ်လိုမှ မလုပ်တတ်တော့ဘူး။ ပိုက်ဆံ အစုတ်ကို လဲဖို့ ဆိုတာက လှိုင်သာယာ ဈေးထဲကို ၀င်လိုက်တယ်ဆိုတော့ ဂိတ်ကြေးတောင်းတဲ့သူက ၀င်ခ ၂၀၀ ပေးလိုက်တော့ စုတ်လို့ဆိုပြီး ပြန်ပေးတယ်။ အဲတော့ ဒီအစုတ်က ဘယ်နေရာ ပြန်သုံးရမှာလဲ။ မီတာရုံးတို့ ဘာတို့ဆိုတာကလည်း သက်ဆိုင်ရာ ဌာနတွေ ကျမတို့ အခွန်သွားသွင်းလည်း ပိုက်ဆံ အစုတ်က ပေးလို့မရဘူး။ ကျမတို့က ဒီအစုတ်တွေကို ရွက်ထားရမလို ဖြစ်နေပြီ။ မရှိတဲ့လူတွေအတွက် ငတ်ပြတ်သလို ဖြစ်နေတော့ ကျမတို့ကတော့ ကယ်ပါဦးလို့ပဲ ပြောချင်တယ်။
ဧရာဝတီတိုင်း ဒေသခံတဦး
ဆက်စပ်သတင်းများ