Home
မြန်မာသတင်း
ဂီဒုန်စခန်းသိမ်းတိုက်ပွဲ နှစ်ဖက်သေဆုံးဒဏ်ရာရမှုများပြား
DVB
·
December 18, 2016
ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်ရှိ ကေအိုင်အေရဲ့ အမာခံတပ်စခန်းတွေဖြစ်တဲ့ ဂီဒုန်နဲ့ လိပ်ပြာကုန်း စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။ တိုက်ပွဲတွေမှာ မြန်မာတပ်မတော်ဘက်က အရာရှိနဲ့ စစ်သည်တွေ ထိခိုက်သေဆုံးမှုရှိခဲ့သလို  ကေအိုင်အေဘက်ကလည်း သေဆုံးဒဏ်ရာရတာများတယ်လို့ တပ်မတော် သတင်းထုတ်ပြန်ချက် မှာ ဖော်ပြပါတယ်။ ဒီဇင်ဘာ ၁၆ ရက် မနက် ၇ နာရီ ၁၀ မိနစ်လောက်က စပြီး  မြန်မာတပ်မတော်စစ်ကြောင်းတွေက လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူရယူပြီး  ကေအိုင်အေ အခိုင်အမာတပ်စွဲထားတဲ့ ဂီဒုန်စခန်းကိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး  ပင်မကုန်း ပွိုင့်-၁၁၀၃နေရာကို  နေ့လယ် ၂ နာရီကျော်မှာ သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။ အလားတူ ဒီဇင်ဘာ ၁၇ ရက် နေ့လယ် ၁၁ နာရီ ၄၅ မိနစ်လောက်မှာလည်း လိပ်ပြာကုန်းစခန်းကိုသိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲတွေအတွင်း ၁၂၀ မီလီမီတာ စိန်ပြောင်းကြီး ၂ လက်အပါအ၀င် လက်နက်မျိုးစုံ ၄၁ လက်နဲ့ ခဲယမ်းပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။ ဂီဒုန်စခန်းဟာ ကေအိုင်အေရဲ့ အရေးကြီးစစ်စခန်းတစ်ခုဖြစ်ပြီး ၂၀၁၆ သြဂုတ်လမှာ တပ်မတော်စစ်ကြောင်းတခုက စတင်တွေ့ရှိ တိုက်ခိုက်ခဲ့ရာမှာ ဒီဇင်ဘာ ၁၆ ရက်အထိ ထိတွေ့ တိုက်ပွဲပေါင်း ၄၆ ကြိမ် ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ကေအိုင်အို ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် ဂွမ်မော်ကတော့ ကချင်အမျိုးသားတွေရဲ့ယုံကြည်မှုနဲ့ ဂီဒေါင်စခန်း လဲလည်လိုက်ရတဲ့အတွက် ၀မ်းမနည်းကြဖို့နဲ့ ၄ လကြာ ခုခံတိုက်ပွဲဆင်နွှဲခဲ့ကြတဲ့ ရဲဘော်ရဲဘက်တွေ ကို လေးစားအသိမှတ်ပြုတယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ပြောကြားလိုက်ပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024