Home မြန်မာသတင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှတ်ပုံတင်ရန် ဗဟိုဦးစီးအဖွဲ့ဝင်များ သဘောတူ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှတ်ပုံတင်ရန် ဗဟိုဦးစီးအဖွဲ့ဝင်များ သဘောတူ
nld အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီပါတီ မှတ်ပုံတင်ဖို့ ပြည်နယ်နဲ့တိုင်း အသီးသီးက ဗဟိုဦးစီးအဖွဲ့တွေက သဘောတူလိုက်ပြီလို့ ဗဟိုဦးစီးအဖွဲ့ဝင် တဦးက ပြောပါတယ်။
ပါတီမှတ်ပုံတင်ရေး မတင်ရေးနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချဖို့ ရန်ကုန်မြို့က ပါတီဗဟိုဌာနချုပ်မှာ ပြည်နယ်နဲ့ တိုင်းအသီးသီးက ဗဟိုဦးစီး အဖွဲ့ဝင် ၁ဝဝကျော် တက်ရောက်ပြီး တဖွဲ့ကို ၅မိနစ် ဆွေးနွေး တင်ပြခွင့်ပေးရာမှာ အများစုက သဘောတူခဲ့ကြတာပါ။
ပြည်နယ်နဲ့တိုင်း ၁၄ခုအနက် ၁၃ ခုက ပါတီမှတ်ပုံတင်ရေးကို ထောက်ခံ ဆွေးနွေးခဲ့ကြပြီး ကချင်ပြည်နယ် ကိုယ်စားလှယ်တွေကတော့ ငြိမ်းချမ်းမှု မရသေးတဲ့အတွက် ထပ်မံစဉ်းစားဖို့ အကြံပြု ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ပါတီမှတ်ပုံတင်ရေးနဲ့ပတ်သက်ပြီး သဘောထား မှတ်ချက် အရင်မပေးဘဲ ပြည်နယ်နဲ့တိုင်းက ကိုယ်စားလှယ်တွေကို အရင် သဘောထားတောင်း ခံခဲ့တာဖြစ်ပါတယ်။
ဆွေးနွေးပွဲမစခင်မှာတော့ ဒေါ်အောင်ဆန်းစုကြည်က ဆုံးဖြတ်တဲ့နေရာမှာ မှန်ကန်တဲ့စိတ်ဓာတ်နဲ့ ပညာရှိပီပီ ချင့်ချင့်ချိန်ချိန် သေသေချာချာ အခြေအနေကို မှန်မှန်ကန်ကန် သုံးသပ်ပြီးတော့ အဂတိတရားလေးပါး ကင်းဝေးစွာနဲ့ဆုံးဖြတ်ချက်ချပါလို့ ပြောကြားခဲ့ပါတယ်။
ပါတီမှတ်ပုံတင်ရေး မတင်ရေးနဲ့ ပတ်သက်ပြီး တရားဝင်ဆုံးဖြတ်ကြောင်း ကြေညာချက်ကိုတော့ ဗဟိုအလုပ် အမှုဆောင်အစည်းအဝေးအပြီး ထုတ်ပြန်မှာဖြစ်တယ်လို့သိရပါတယ်။
dvb88web2011@
ဆက်စပ်သတင်းများ