မန္တလေးတွင် အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ပြပွဲ ကျင်းပ
DVB
·
December 9, 2016
အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာပြပွဲကို မန္တလေးမြို့က ဒိုင်းမွန်းပလာဇာ ၅ လွှာမှာ ဒီဇင်ဘာ ၉ ရက်နေ့ကနေ ၁၂ ရက်နေ့ထိ ကျင်းပနေပါတယ်။
အခုပြသတဲ့ အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာပြပွဲဟာ မန္တလေးမြို့မှာ ဒုတိယအကြိမ် ပြသတာဖြစ်ပါတယ်။
ပြပွဲမှာ ကျောက်မျက်ရတာနာဆိုင်ခန်းပေါင်း ၅၀ ကျော်ပါဝင်ပြသခဲ့ကြပါတယ်။ အခုကျင်းပတဲ့ ကျောက်မျက်ရတနာပြပွဲကို ထိုင်း၊ မြန်မာ၊ တရုတ် စတဲ့နိုင်ငံတွေ အပါအဝင် နိုင်ငံပေါင်း ၁၀ နိုင်ငံက ကျောက်မျက်လုပ်ငန်းရှင်တွေနဲ့ ပန်းထိမ်သုံး စက်ပစ္စည်းရောင်းချတဲ့ ကုမ္ပဏီတွ ပါဝင်ပြသရောင်းချခဲ့ ကြပါတယ်။
ပြသရတဲ့ရည်ရွယ်ချက်ကတော့ မန္တလေးကျောက်မျက် ရတနာ လောကကို နိုင်ငံတကာက ဈေးကွက်ဝယ်လက်တွေနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး ဈေးကွက်ထိုးဖောက်နိုင်ဖို့ ရည်ရွယ်ကျင်းပတာလို့ သိရပါတယ်။