ကထိန်လှူဒါန်းမည့် ပစ္စည်းများနှင့် ငွေသားများ ဖောက်ထွင်းခိုးယူခံရ
DVB
·
November 19, 2016

ဆားလင်းကြီးမြို့ အထက်တန်းကျောင်းမှာ နိုဝင်ဘာလ ၁၇ ရက်နေ့ညက ကျောင်းသူကျောင်းသားတွေက ကျောင်းကထိန်အတွက် စုပေါင်းလှူဒါန်းထားတဲ့ ငွေသားတွေနဲ့ ကထိန်ပစ္စည်းတွေ ဖောက်ထွင်းခိုးယူခံခဲ့ရပါတယ်။
ဖောက်ထွင်းရာမှာ ကျောင်းမှန်တံခါးတွေကို ရိုက်ခွဲဖျက်ဆီးပြီး ကျောင်းကထိန်အတွက် ပဒေသာပင်တွေမျာ ချိတ်ဆွဲထားတဲ့ လှူဒါန်းမယ့် ပစ္စည်းတွေအပါဝင် ပုံဖော်ထားတဲ့ ငွေသား ၁၀ သိန်းကျော် ခိုးယူခံရတယ်လို့ အဆိုပါအထက်တန်းကျောင်းမှ ဆရာမတဦးက ပြောပါတယ်။
ဆိုပါက ကထိန်ပွဲကို နိုဝင်ဘာ ၁၈ ရက်မှာ လှည့်လည်ဖို့ စီစဉ်ထားပေမယ့် အခုလို ခိုးယူခံခဲ့ရတာကြောင့် ကထိန်ပွဲ အစီစဉ်ပျက်ခဲ့ရပါတယ်။
ကထိန်လှူဒါန်းမယ့် ပစ္စည်းနဲ့ ငွေသားတွေ ခိုးယူခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျောင်းတာဝန်ရှိသူတွေ ဆားလင်းကြီးရဲစခန်းကို တိုင်ကြားထားတယ်လို့ သိရပါတယ်။
ရန်နိုင်စိုး