ဂျပန်-မြန်မာ ပူးပေါင်းအမှိုက်ကောက်ပြိုင်ပွဲ ရန်ကုန်မြို့တွင်ကျင်းပ (ဓာတ်ပုံ)
ထွန်းထွန်းသိန်း
·
November 10, 2016
ဂျပန်-မြန်မာပူးပေါင်းတဲ့ အမှိုက်ကောက်ပြိုင်ပွဲကို ဒီနေ့မနက် ၈ နာရီကစပြီး ရန်ကုန်မြို့ ဆူးလေဘုရားပတ်ဝန်းကျင်နဲ့ ပန်းဆိုးတန်းလမ်းမတ၀ိုက်မှာ ကျင်းပနေပါတယ်။
မြန်မာဘက်က လူမှုပရဟိတအဖွဲ့ ၂၂ ဖွဲ့နဲ့ ဂျပန်ဘက်က အဖွဲ့တဖွဲ့ ပါဝင် ယှဉ်ပြိုင်နေတာပါ။
အမှိုက်ကောက်ချိန် မိနစ် ၄၀ သတ်မှတ်ထားပြီး အဖွဲ့လိုက် ရရှိတဲ့အမှိုက်တွေကို ချိန်ခွင်နဲ့ချိန်ပြီး ဆုပေးမှာဖြစ်ပါတယ်။