Home
မြန်မာသတင်း
မြန်မာနှင့်အိန္ဒိယ ကဏ္ဍ ၃ ခုပူးပေါင်းဆောင်ရွက်ရန် သဘောတူလက်မှတ်ထိုး
DVB
·
October 19, 2016
14724464_583870688479897_2687885569262300640_n
14670744_583870115146621_3073586168689158183_n
14633598_583871285146504_3047423122916873475_o
မြန်မာနဲ့ အိန္ဒိယနှစ်နိုင်ငံအကြား လျှပ်စစ်စွမ်းအင်၊ ဘဏ်လုပ်ငန်းနဲ့ အာမခံလုပ်ငန်း ကဏ္ဍ ၃ ခုမှာ ပူးပေါင်းဆောင်ရွက်ဖို့ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ သဘာတူလက်မှတ်ရေးထိုးခဲ့ကြတယ်လို့ အိန္ဒိယသတင်းတွေမှာ ဖော်ပြပါတယ်။ အိန္ဒိယနိုင်ငံမှာ ချစ်ကြည်ရေးခရီးရောက်နေတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အိန္ဒိယ၀န်ကြီးချုပ် နာရန်န္ဒြာမိုဒီတို့  ဒီကနေ့ ဒေလီမြို့ရှိ အစိုးရ ဧည့်ဂေဟာမှာ တွေ့ဆုံဆွေးနွေးပြီးနောက် နှစ်နိုင်ငံတာဝန်ရှိသူတွေ လက်မှတ်ရေး ထိုးခဲ့ကြတာပါ။ မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား ယဉ်ကျေးမှုကဏ္ဍပူးပေါင်းဆောင်ရွက်မှုအတွက် ဗုဒ္ဓဂါယာရှိ ရှေးဘုန်းတော်ကြီးကျောင်း ၂ ကျောင်းနဲ့  မင်းတုန်းမင်း၊ ဘကြီးတော်မင်းကျောက်စာတွေ မွမ်းမံပြင်ဆင်ထိန်းသိမ်းမှုလုပ်ငန်းတွေ ဆောင်ရွက်ဖို့ သဘောတူညီခဲ့ကြတယ်လို့ မြန်မာ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ နှစ်နိုင်ငံခေါင်းဆောင်တွေအနေနဲ့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ရဲ့  မကြာသေးခင်က သွားရောက်ခဲ့တဲ့ အိန္ဒိယ ခရီးစဉ်အတွင်း သဘောတူညီခဲ့တဲ့ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကို လျင်မြန်စွာ အကောင်အထည်ဖော်ရေးကိုလည်းကောင်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က  အိန္ဒိယနိုင်ငံဝန်ကြီးချုပ်မိုဒီကို  မြန်မာနိုင်ငံ ချစ်ကြည်ရေးခရီး အလည်အပတ်လာရောက်ဖို့ ဖိတ်ကြားခဲ့တယ်လို့ လည်းသိရပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024