Home
မြန်မာသတင်း
ချင်းတွင်းမြစ်ရေတက်သဖြင့် နစ်မြုပ်ရေယာဉ် ရှာဖွေရေး နှောင့်နှေး
DVB
·
October 16, 2016
14657471_1791954287682946_7382078712452483121_n
14702411_1791954361016272_308075912085042576_n
ချင်းတွင်းမြစ်အတွင်း အောက်တိုဘာ ၁၅ ရက်က နစ်မြုပ်ခဲ့တဲ့ အမြန်ရေယာဉ်ကို ဆယ်ယူဖို့ ကြိုးပမ်းနေကြပြီး မြစ်ရေတက်လာတာကြောင့် ရေယာဉ်ရှာဖွေရေး နှောင့်နှေးနေပါတယ်။ စစ်ကိုင်းတိုင်းအစိုးရက ပေးပို့ထားတဲ့ ကရိန်းအကြီးကြီး တပ်ဆင်ထားတဲ့ သင်္ဘောတစီး အမြန်ရေယာဉ် နစ်မြုပ်တဲ့နေရာကို ရောက်ရှိနေပေမယ့် ရေငုပ်သမားတွေက နစ်မြုပ်အမြန်ယာဉ်ကို ရှာတွေ့မှ ကရိန်းနဲ့ တပ်ဆင်ဆယ်ယူနိုင်မယ့် အခြေအနေလည်း ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်၊ ကနီမြို့၊ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက “မြုပ်တဲ့နေရာက ရေစီးက တအားသန်တယ်၊ ပြီးတော့ နက်လည်းနက်တယ်၊ ဒီနေ့ ချင်းတွင်းမြစ်ရေက ၃ ပေလောက် တိုးလာတယ်၊ မော်တော်မှောက်တဲ့နေရာမှာ ရေက တိုးလာတော့ ငုပ်ဖို့ တအားခက်တယ်၊ ကျွမ်းကျင် ရေငုပ်သမားတွေမှ ဖြစ်မယ်” လို့ ပြောပါတယ်။ မြုပ်သွားတဲ့ ရေယာဉ်ကို ဆယ်တင်ဖို့နေနေသာသာ ဒီနေ့ ရေငုပ်ပြီး ရှာဖွေတွေ့ဖို့တောင် မသေချာဘူးလို့လည်း သူက ပြောပါတယ်။ ခရီးသည် ၃၀၀ ထက်မနည်း စီးနင်းလိုက်ပါလာတဲ့ ဟုမ္မလင်းကနေ မုံရွာကို ခုတ်မောင်းတဲ့ အေးငြိမ်းချမ်းသာ အမြန်ယာဉ်လိုင်းက အောင်စိုးမိုးကျော် အမြန်ရေယာဉ် မှောက်ခဲ့တာဖြစ်ပြီး ၁၀၀ ကျော် ပျောက်ဆုံးနေပါတယ်။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ကင်းအုပ်စု၊ မိချောင်းတွင်းကျေးရွာအနီးမှာ အမြန်ယာဉ်ဟာ ၀ိတ်များပြီး ၀ဲအကွေ့မှာ တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။ [caption id="attachment_172325" align="aligncenter" width="960"]ဓာတ်ပုံ - ကိုတိုး ဓာတ်ပုံ - ကိုတိုး[/caption] လူစီးအမြန်ရေယာဉ်နစ်မြုပ်မှုနဲ့ ပတ်သက်ပြီး ကယ်ဆယ်ရေးစခန်း ၃ ခုမှာ ကယ်တင်ထားတဲ့ ခရီးသည် ၁၀၀ ကျော်ကို အောက်တိုဘာ ၁၅ ရက်နေ့က မုံရွာမြို့ကို ပြန်လည်ပို့ဆောင်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024