Home
မြန်မာသတင်း
ကရင်ဒုက္ခသည်စခန်းတွင် မီးလောင်မှုဖြစ်ပွား၊ အိမ် ၄ လုံးဆုံးရှုံး
DVB
·
October 10, 2016
14572262_10205416745296483_7309142540496225536_n
ထိုင်း-မြန်မာနယ်စပ် မယ်ဟောင်ဆောင်ခရိုင်ရှိ ကရင်လူမျိုးအများစုနေထိုင်ရာ မယ်ရာမို ဒုက္ခသည်စခန်းမှာ အောက်တိုဘာ ၉ ရက် ည ၇ နာရီခွဲလောက်က မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၄ လုံး ဆုံးရှုံးခဲ့တယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။ ကလေးငယ်တဦး မီးဆော့ကစားရာမှ မီးလျှံက အင်ဖက်အမိုးကိုထိပြီး စတင်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ မီးသွားရောက်ကူညီငြှိမ်းသတ်ပေးခဲ့တဲ့ အမှတ် ၃၆ ထိုင်းရိန်းဂျားတပ်ဖွဲ့ဝင်တဦးက သတင်းထောက်ကို ပြောပါတယ်။ နေအိမ် ၄ လုံး မီးလောင်သွားပြီး ထိခိုက်ဒဏ်ရာရသူတော့ မရှိဘူးလို့ တာဝန်ကျ ၀န်ထမ်းတဦးက ပြောပါတယ်။ မယ်ရာမိုဒုက္ခသည်စခန်းဟာ မယ်ဟောင်ဆောင်ခရိုင် ဆွပ်ပေါင်မြို့နယ် ဆွပ်မွေးကျေးရွာအုပ်စုထဲမှာရှိပြီး မြန်မာပြည်ကနေ ထွက်ပြေးခိုလှုံလာတဲ့ ဒုက္ခသည်ပေါင်း တသောင်းကျော် နေထိုင်လျက်ရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024