ကရင်ပြည်နယ်ရှိ တယ်လီနောတာဝါတိုင် ဖောက်ခွဲတိုက်ခိုက်ခံရ
DVB
·
October 10, 2016

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်က တယ်လီနောကုမ္ပဏီရဲ့ ဆက်သွယ်ရေး တာဝါတိုင်နားမှာ ပေါက်ကွဲမှုဖြစ်ပွားပြီး ပစ္စည်းတချို့ ထိခိုက်ပျက်စီးသွားတယ်လို့ စစ်တပ်ပိုင် မြ၀တီသတင်းမှာ ဖော်ပြပါတယ်။
ကော့ကရိတ်မြို့နယ်၊ မြပဒိုင်ကျေးရွာ၊ မြပဒိုင်လမ်းခွဲအနီးရှိ တယ်လီနောတာဝါတိုင် နေရာမှာ အောက်တိုဘာ ၈ ရက် မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး နယ်မြေခံ တပ်မတော်စစ်ကြောင်းက သွားရောက်ရှင်းလင်းခဲ့တာပါ။
အဆိုပါပေါက်ကွဲမှုကြောင့် တယ်လီနောတာဝါတိုင် ဂျင်နရေတာ၊ Receiver နဲ့ ဘက်ထရီထားခန်း တံခါးပေါက် ထိခိုက်ပျက်စီးသွားတယ်လို့လည်း ဆိုပါတယ်။
ဒီဖောက်ခွဲတိုက်ခိုက်မှုဟာ ဘယ်အဖွဲ့အစည်းလက်ချက်လဲ ဆိုတာကိုတော့ မသိရသေးပါဘူး။