Home
သတင်းဓာတ်ပုံ
၆ ဘီးယာဉ် စက်နိုးရာမှ လမ်းဘေးဆိုင်များနှင့် ကား ၂ စီးအား ၀င်တိုက်
DVB
·
August 1, 2016
13912806_1741618589412436_4264127920982155213_n
13902727_1741618559412439_4271070320740164056_n
13900311_1741618506079111_1657770012759013693_n
13891842_1741618522745776_4708120725354987245_n
ကချင်ပြည်နယ် ဖားကန့်မြို့မှာ ဇူလိုင် ၃၁ ရက်နေ့ ည ၇ နာရီ ၁၁ မိနစ်အချိန်က ၆ ဘီးကား စက်နိုးရာမှ လမ်းဘေးဆိုင်တွေနဲ့ ကား ၂ စီးကို ဆင့်တိုက်မိခဲ့ပါတယ်။ ဖားကန့် ဥရုရတနာကျောက်စိမ်းတံတားထိပ်မှာ ရပ်ထားတဲ့ ၆ ဘီးယာဉ် ကားထွက်ဖို့ စက်နိုးမရတဲ့အတွက် ဘက်ဂီယာထည့်စက်နိုးရာ နောက်ပြန်လှိမ့်ကြကာ ရတနာဖားကန့်ဂိတ် ရှေ့မှာ ရပ်နားထားတဲ့ ကား ၂ စီးကို ဆင့်တိုက်မှုဖြစ်ပွားခဲ့ပြီး လမ်းဘေးရှိ ပေါက်စီဆိုင်၊ တို့ဟူးနွေးဆိုင်၊ ရခိုင်မုန့်တီဆိုင်နဲ့ အာပူလျှာပူဆိုင်တွေကို ထပ်ဆင့်တိုက်မိခဲ့ပါတယ်။ ယာဉ်တိုက်မှုကြောင့် လမ်းဘေးဆိုင်တွေမှာ စားသောက်နေသူတွေ၊ ယာဉ်မောင်းသမားနဲ့ ယာဉ်နောက်လိုက်တို့ ထိခိုက်ဒဏ်ရာ မရရှိခဲ့ပါဘူး။ တယ်လီဖုန်းတိုင် ၂ တိုင် ၃ တိုင်မှာ ကျိုးသွားခဲ့ပြီး ကား ၂ စီးမှာ ကားရှေ့ပိုင်း အနည်းငယ်ပျက်ဆီးခဲ့ပါတယ်။ ယာဉ်တိုက်မိတဲ့အတွက် ၆ ဘီးကား ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တို့ကို ဖားကန့်ရဲစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ သတင်း - ကိုငယ် (မော်လူး)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024