မောင်ဂွမ်ဆိုင်းအောင် ကျည်သင့်သေဆုံးခဲ့မှု တပ်မတော် သတင်းစာရှင်းလင်း (ဓာတ်ပုံ)
DVB
·
July 20, 2016
မြစ်ကြီးနားမြို့ ဗလမင်းထင်တံတားနားမှာ သေနတ်ကျည်ဆန် ထိမှန်သေဆုံးခဲ့တဲ့ မောင်ဂွမ်ဆိုင်းအောင်အမှုနဲ့ပတ်သက်ပြီး တပ်မတော်ဘက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး မြတ်ထွန်းဦးက ဦးဆောင်ပြီး သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ ၈ မိုင်မှာရှိတဲ့ ကုန်းမြင့်သာမှာ ဒီနေ့ ကျင်းပနေပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၀ ရက်နေ့က ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တပ်မတော်သား ၂ ဦးနဲ့ စကားအခြေအတင်ဖြစ်ပွားခဲ့လို့ အသက် ၁၈ နှစ်အရွယ် ကွန်ပျူတာတက္ကသိုလ် ပထမနှစ်ကျောင်းသား မောင်ဂွမ်ဆိုင်းအောင် ကျည်သင့်သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ပုံ-ဟိန်းကို