တရုတ်အစိုးရက လေဒီဂါဂါနှင့်ဆိုင်သည့် ဖော်ပြချက်အားလုံး ပိတ်ပင်
DVB
·
June 28, 2016
တရုတ်နိုင်ငံက ရေဒီယို၊ ရုပ်ရှင်နဲ့ ရုပ်မြင်သံကြား၊ ဂီတ၊ သတင်းစာနယ်ဇင်းတွေမှာ ပေါ့ပ်အဆို တော် လေဒီဂါဂါနဲ့ပတ်သက်တဲ့ ထုတ်လွှင့်မှုအားလုံးကို တားမြစ်ကြောင်း တရုတ်နိုင်ငံ သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်းတာဝန်ရှိသူတွေက တနင်္လာနေ့က အမိန့်ထုတ်ပြန်ခဲ့တယ်လို့ ဒေသခံမီဒီယာ တွေမှာ ဖော်ပြပါတယ်။
တနင်္ဂနွေနေ့တုန်းက အမေရိကန်ပြည်ထောင်စု အင်ဒီယာနာပြည်နယ်မှာကျင်းပခဲ့တဲ့ ညီလာခံ တခုမှာ လေဒီဂါဂါက တိဘက်ဘုန်းတော်ကြီးဒလိုင်းလားမားနဲ့ တွေ့ဆုံခဲ့အပြီး ပိတ်ပင်မှု ဖြစ်ပါ တယ်။
သူတို့နှစ်ဦးက ‘ကြင်နာနွေးထွေးမှုရဲ့စွမ်းပကားနဲ့ ကမ္ဘာမြေကြီးကို ပိုမိုစာနာနားလည်တဲ့ နေရာ ဖြစ်လာအောင် ဘယ်လိုလုပ်ဆောင်ကြမလဲ”ဆိုတဲ့ အကြောင်းအရာကို ဆွေးနွေးပြောဆိုခဲ့ ပြီးနောက် ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ အာရှသတင်းသမား အွန်လိုင်းစာမျက်နှာမှာ ဖော်ပြပါ တယ်။
လေဒီဂါဂါကလည်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာအကောင့်တွေကနေ တွေ့ဆုံပွဲဓာတ်ပုံတွေကို ဖြန့်ဝေခဲ့ပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံက လေဒီဂါဂါ ပရိသတ်တွေကတော့ အနီရောင် စာမျက်နှာကိုသာ မြင်ကြရတယ်လို့ဆိုပါတယ်။
ဘုန်းတော်ကြီးဒလိုင်းလားမားက တိဘက်ဒေသလွတ်လပ်ရေးထက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေး ကို ပြောနေပေမယ့်လည်း တရုတ်အစိုးရကတော့ သူ့ကို ပြည်ပရောက်ခွဲထွက်ရေး ခေါင်းဆောင် တဦးအဖြစ် ဖော်ပြလေ့ရှိသလို တိဘက်ဒေသရဲ့ ခွဲထွက်ရေးလှုပ်ရှားမှုရဲ့ နှလုံးသည်ပွတ်လို့ ယုံကြည်နေပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဟောင်လီက ဒလိုင်းလားဘမားရဲ့ခရီးစဉ် ရည်ရွယ်ချက်ဟာ တိဘက်လွတ်လပ်ရေးအတွက် သူ့လိုလားချက်ကို မြှင့်တင်နိုင်ဖို့ ဖြစ်တယ်လို့ တနင်္လာနေ့မှာ ပြောပါတယ်။ ပြည်သူတွေအနေနဲ့ သူရဲ့တကယ့်အရောင်အသွေးနဲ့ သဘော ဘာဝကို သိစေချင်ပါတယ်လို့ပြောပါတယ်။
တရုတ်ပြည်မကြီးမှာ ဖျော်ဖြေပွဲကျင်းပဖူးခြင်းမရှိသေးတဲ့ ပေါ့ပ်အဆိုတော်အပေါ် တရုတ်အစိုးရရဲ့ တားမြစ်မှုဟာလည်း ဒီတကြိမ်ဟာ ပထမဆုံးမဟုတ်ပါဘူး။ ၂၀၁၁ ခုနှစ်တုန်းက သူ့ရဲ့ အယ်လဘမ် Born This Way ထွက်စဉ်က ဆင်ဆာဖြတ်တောက်ခံရဖူးပါတယ်။
ဒါပေမယ့် သူ့ပရိတ်သတ်က အွန်လိုင်းကနေ တရားမ၀င် ဒေါင်းလုပ်ဆွဲတာ၊ ကော်ပီခွေတွေ ကတဆင့် နားထောင်ခဲ့ကြပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ တရုတ်အစိုးရက အယ်လ်ဘမ် ရောင်းချဖြန့်ချိခွင့်ကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ပါတယ်။