Home
မြန်မာသတင်း
လူ ၅၀၀ စီစဉ်ထားသည်ခန်းမ ထိုင်းက ခေါ်ယူထားသည့် လူ ၂၀၀ ကျေ်သာ ခန်းမထဲရောက်
DVB
·
June 23, 2016
နိုင်ငံတော်အတိုင်ပင်ခံပုဒ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ တွေ့ဆုံမယ့် ခန်းမမှာ အလုပ်သမား ၂၀၀ ကျော်သသာ ရောက်ရှိနေတယ်လို့ အဲဒီကို ရောက်ရှိသတင်းယူနေတဲ့ ဒီဗွီဘီသတင်းထောက် ကိုအေးနိုင်က ပြောပါတယ်။ 13450973_1038915589517686_8681238008070648389_n အဆိုပါခန်းမမှာ အလုပ်သမား ၅၀၀ ကို တွေ့ဆုံမယ်လို့ ပြောဆိုပေမယ့် ထိုင်းအစိုးရက စီစဉ်ခေါ်ယူထားတဲ့သူ ၂၀၀ ကျော် လောက်ပဲ ခန်းမထဲရောက်လာပြီး ကျန်တဲ့ခုံတွေကို သိမ်းသွားတယ်လို့ ပြောပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့မယ့်အလုပ်သမားတွေကိုလည်း မရယ်ရဘူး စတဲ့ ကန့်သတ်ချက်တွေ လုပ်ထားတယ်လို့လည်း ပြောပါတယ်။ ထိုင်းနိုင်ငံ စမွတ်စာခွန်းခရိုင် စမွတ်စာခွန်းမြို့ ထလေးထိုင်းဈေးအတွင်းက ခန်းမမှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ဒီကနေ့ ညနေ ၄ နာရီခွဲကနေ ၆ နာရီခွဲအထိ တွေ့ဆုံမှာဖြစ်ပါတယ်။ ဓာတ်ပုံ - အေးနိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024