Home
မြန်မာသတင်း
မြန်မာ-မွန်ဂို ခေါင်းဆောင်နှစ်ဦး မီဒီယာကဏ္ဍ အများဆုံး ဆွေးနွေးခဲ့ကြ
DVB
·
June 15, 2016
13458778_10207793391205211_2346021499305301829_o
13434870_10207793391205211_2346021499305301829_n
နိုင်ငံတော်အတိုင်ပင်ခံပုဂိုလ်နဲ့ မွန်ဂိုလီးယားသမ္မတတို့ ၂ ဦး တွေ့ဆုံပွဲမှာ ဆိုရှယ်မီဒီယာ အပါအ၀င် မီဒီယာ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ အများဆုံး ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ပြောပါတယ်။ ခဲ့ကြတယ်လို့ နှစ်ဘက်တွေ့ဆုံအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ “အထူးသဖြင့် မွန်ဂိုလီးယားသမ္မတက မီဒီယာကနေလာတဲ့သူ ဖြစ်တဲ့အတွက် သူက မွန်ဂိုလီးယားနိုင်ငံမှာ လုပ်ဆောင်နေတဲ့ ဆိုရှယ်မီဒီယာ အပါအ၀င် မီဒီယာတွေရဲ့ ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေးအကြားမှာ မီဒီယာတွေ ဆောင်ရွက်နေတဲ့ အနေအထားကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အမြင်ချင်းဖလှယ် ဆွေးနွေးတာ အများဆုံး ဖြစ်ပါတယ်။” မွန်ဂိုလီးယားသမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ဟာ ရင်းနှီးတဲ့ မိတ်ဟောင်းဆွေဟောင်းတွေ ဖြစ်ကြတယ်လို့လည်း သူက ပြောပါတယ်။ သမ္မတဦးထင်ကျော်နဲ့ မွန်၈ိုလီးယားသမ္မတတို့ တွေ့ဆုံခိုက် နှစ်နိုင်ငံယဉ်ကျေးမှုဖလှယ်ရေးဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြပါတယ်။ မွန်ဂိုလီးယားသမ္မတ ဦးဆောင်လာတဲ့ အဖွဲ့မှာ စီးပွားရေးကဏ္ဍဆိုင်ရာ အဆင့်မြင့်ပုဂ္ဂိုလ်တွေ အများစု လိုက်ပါလာပြီး ဒီနေ့မနက်ပိုင်းမှာ နှစ်နိုင်ငံစီးပွားရေးဆိုင်ရာ အမှုဆောင်အရာရှိများ အစည်းအဝေးပွဲ လုပ်ခဲ့ပါတယ်။ မွန်ဂိုလီးယားသမ္မတနဲ့အဖွဲ့ကို သမ္မတဦးထင်ကျော်က ဒီညမှာ ညစာစားပွဲနဲ့ ဧည့်ခံမှာဖြစ်ပြီး မနက်ဖြန် နေ့လည်စာကို အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်က ဧည့်ခံကျွေးမွေးမှာ ဖြစ်ပါတယ်။ မွန်ဂိုလီးယားသမ္မတနဲ့ အဖွဲ့ဟာ မနက်ဖန်မှာ ရန်ကုန်သွားပြီး ယူအန်အက်ဖ်စီစီအိုင် မြန်မာ ကုန်သည်အသင်းချုပ်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။ မွန်ဂိုလီးယားသမ္မတ အဲလ်ဘတ်ဒေါ့ခ်ျက ဇူလိုင်လအတွင်း သူ့နိုင်ငံမှာ လုပ်ဖို့ရှိတဲ့ အာရှ-ဥရောပ စည်းဝေးပွဲတက်ကြဖို့ သမ္မတဦးထင်ကျော်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို တပါတည်း ဖိတ်ကြား သွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024