Home
မြန်မာသတင်း
အင်းတော်တွင် ခရီးသည်တင်ယာဉ်က ရပ်နားထားသည့် ၆ ဘီးယာဉ်ကို ၀င်တိုက်
DVB
·
May 28, 2016
အင်းတော်မြို့နယ် ပင်ဝယ်ရွာနဲ့ ပင့်တင်ရွာကြားမှာ ကချင်မန္တလာခရီးသည်တင်ယာဉ်က ရပ်နားထားတဲ့ ယာဉ်တစီးကို ၀င်တိုက်တာကြောင့် ၂ ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာ ရရှိခဲ့ကြပါတယ်။ ဒီနေ့မနက်အစောပိုင်းက မြစ်ကြီးနားကနေ မန္တလေးဘက် မောင်းနှင်လာတဲ့ ခရီးသည်တင်ယာဉ်ဟာ ကသာခရိုင်၊ အင်းတော်မြို့နယ် ပင်ဝယ်ရွာနဲ့ ပင့်တင်ရွာကြားမှာ ရပ်နားထားတဲ့ ၆ ဘီးယာဉ်တစီးကို ၀င်တိုက်မိလို့ သေဆုံးဒဏ်ရာရခဲ့ကြတာပါ။ ယာဉ်တိုက်မှုကြောင့် ကချင်မန္တလာ ခရီးသည်တင်ယာဉ်မောင်းနဲ့ ခရီးသည် တဦး သေဆုံးသွားတယ်လို့ အင်းတော်ရဲစခန်းက ပြောပါတယ်။ ဒဏ်ရာရသူ ၁၁ ဦးကိုတော့ အင်းတော်ဆေးရုံမှာ ပို့ဆောင်ကုသထားပြီး အဲဒီထဲက ၃ ဦး ဒဏ်ရာပြင်းထန်တာကြောင့် မန္တလေးဆေးရုံကို ပို့ဆောင်ကုသဖို့ စီစဉ်နေတယ်လို့ ဒီဗွီဘီ နယ်ခံသတင်းထောက်က ပြောပါတယ်။ ယာဉ်တိုက်မှုနဲ့ပတ်သက်ပြီး အင်းတော်မြို့နယ် မော်လူးနယ်မြေ ရဲစခန်းက ပြစ်မှု ပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ အရ အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ရိုက်ကူး ကိုကိုလင်း(အင်းတော်)  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024