Home
မြန်မာသတင်း
မိုင်းလား လက်နက်တိုက်ပေါက်ကွဲပြီးနောက် လုံခြုံရေးတင်းကျပ်
DVB
·
May 7, 2016
13183248_10206317257152904_1440618370_n
13180999_10206317250792745_2123385902_n
13162103_10206317248952699_2019570548_n
13162095_10206317257352909_1158348722_n
13152873_10206317250432736_1722708592_n
13140793_10206317257232906_2007277056_n
13140777_10206317252712793_1248612564_n
13140660_10206317251032751_457933724_n
ရှမ်းပြည်နယ်၊ မိုင်းလားမှာ ဒီမနက်ပိုင်းက လက်နက်တိုက်ပေါက်ကွဲလို့ လူသေဆုံး ဒဏ်ရာရရှိခဲ့ပြီးနောက် အဲဒီနေရာမှာ မိုင်းလားတပ်ဖွဲ့ဝင်တွေက လုံခြုံရေး တင်းကျပ်လိုက်ပြီး အပြင်လူ ပေးမ၀င်တော့ဘူးလို့ မိုင်းလား ဒေသခံတဦးက ပြောပါတယ်။ မိုင်းလားမြို့ခံတဦးက ပေါက်ကွဲမှု ပြင်းထန်ပြီး ဖြစ်တဲ့နေရာကို မိုင်းလားတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့ထားလိုက်တယ်လို့ ပြောပါတယ်။ “မိုင်းလားနဲ့ တရုတ် တာလော့လမ်းကြားထဲက ဘယ်သူမှ မပိုင်တဲ့ ပိုင်နက်ထဲမှာ ပေါက်ကွဲတာ၊ ပေါက်ကွဲသံကတော့ တော်တော်ပြင်းတယ်၊ ခဏခဏတော့ ဖြစ်တာပဲ။ ဒါပေမယ့် ဒီတခေါက်က တော်တော်ပြင်းတယ်၊ ကွဲပြီးတာနဲ့ ပိတ်ပစ်လိုက်တယ်။ အဲ့ဒီနေရာကို မိုင်းလားတပ်ဖွဲ့တွေ အကုန်လုံးရောက်လာပြီးတော့ လုံခြုံရေးယူပြီးတော့ အ၀င်အထွက်တွေအကုန်လုံး ပိတ်ပစ်လိုက်တယ်။” ရှမ်းပြည်နယ်အရှေပိုင်း၊ အထူးဒေသ ၄ မိုင်းလားမြို့နဲ့ ၂ မိုင်ကျော်အကွာ တရုတ်နယ်စပ်အနီးမှာ ဒီနေ့မနက် ၇ နာရီခွဲလောက် လက်နက်ဂိုဒေါင်တခု ပေါက်ကွဲခဲ့တာကြောင့် လူ ၂ ဦးသေ၊ ၅၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး အဲ့ဒီဂိုဒေါင်နဲ့ ကိုက် ၅၀ လောက်အတွင်း ကျည်ဆန်ခွံနဲ့ အပျက်အစီးတွေ ပြန့်ကျဲနေတယ်လို့ ခရိုင်/ပြန်ဆက်က သတင်းထုတ်ပြန်ထားပါတယ်။ ရှမ်းသံတော်ဆင့် သတင်းကတော့ ပေါက်ကွဲမှုကြောင့် လူ ၇ ဦးသေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရသွားတယ်လို့ ရေးပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024