Home
သတင်းဓာတ်ပုံ
ရနောင်းတွင် မြန်မာအလုပ်သမားများ အုပ်စုလိုက် ကားတိုက်ခံရ
DVB
·
April 30, 2016
13133202_613853798763120_6659042430510084147_n
13102884_613853752096458_7821765051763242451_n
13102786_613853815429785_2416939139185987628_n
13094287_613853725429794_8316240991504054449_n
ထိုင်းနိုင်ငံ ရနောင်းမြို့ စဖန်ပလားလမ်း .SIFCO အအေးခန်းမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေ ဒီနေ့မနက်ပိုင်း အလုပ်ဆင်းဖို့ ကားစောင့်နေတုန်း အစုအပြုံလိုက် ကားတိုက်ခံရပြီး ၄ ဦး သေဆုံးခဲ့ပါတယ်။ သစ်သီးတင်ထားတဲ့ ဟိုင်းလပ်ကား ဘရိတ်ပေါက်ပြီး မြန်မာအလုပ်သမားအုပ်ထဲ ၀င်တိုက်သွားတာလို့ အလုပ်သမားတွေကို ကူညီပေးနေတဲ့ ကိုဟိန်းထက်က ပြောပါတယ်။ “ကား အက်စီးဒင့်မှာ ပါသွားတာက ၁၄ ဦး၊ ၁၄ဦးမှာ လတ်တလော ၄ ဦးကတော့ ဆုံးပြီ၊ ၁ ဦးက အိုင်စီယူ အခန်းထဲမှာ၊ တော်တော်လေး အခြေအနေဆိုးတယ်၊ နောက် ၇ ဦး ဆေးရုံတင်ထားရတဲ့ထဲမှာ ၂ ဦးက စိုးရိမ်ရတဲ့ အနေအထား ရှိတယ်၊ ၂ ဦးကတော့ ဆေးရုံက ဆင်းသွားပြီ။” ကားတိုက်ခံရတဲ့ အလုပ်သမားအများစုဟာ တနင်္သာရီတိုင်း၊ ထားဝယ်ဘက်ကဖြစ်ပြီး သေဆုံးသူ ၄ ဦးစလုံးဟာလည်း ထားဝယ်ဘက်ကပဲဖြစ်တယ်လို့ ပြောပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED)က အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က အလုပ်သမားများသေဆုံးမှုနဲ့ ပတ်သက်လို့ မြန်မာသံရုံးနဲ့ဆက်သွယ်ပြီး ကူညီလုပ်ဆောင်ပေးသွားမယ်လို့ ပြောပါတယ်။ “ကျနော်တို့ဆီက လွှတ်ထားတဲ့ စေတနာ့ဝန်ထမ်းတွေဆီက သတင်းအချက်အလက် တိတိကျကျ ရအောင် စောင့်နေလို့ပါ။ မြန်မာသံရုံးနဲ့လည်း အမြဲအဆက်အသွယ်ရှိပါတယ်။ ဆိုလိုချင်တာက သေသွားတဲ့သူတွေရဲ့ နာမည်နဲ့ အရပ်ဒေသ၊ သူတို့ ကိုင်ဆောင်ထားတဲ့ အထောက်အထား အားလုံးလှမ်းတောင်းထားတယ်၊ ပြီးတော့ သံရုံးကို ကျနော်တို့ပဲ ဆက်သွယ်ပြီး အကူအညီ လှမ်းတောင်းပေးမှာပါ။” အရင်က အလားတူဖြစ်ရပ်တွေမှာ ဘန်ကောက်မြန်မာသံရုံးက ကူညီပေးဖူးတယ်လို့လည်း ပြောပါတယ်။ ဒီဗွီဘီက နောက်ဆုံးရရှိချက်အရ သေဆုံးသူ မြန်မာအလုပ်သမား စုစုပေါင်း ၅ ဦးရှိသွားပြီလို့ သိရပါတယ်။ ဓာတ်ပုံ - ကျော်မင်းထိုက်  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024