စင်ပေါ်စင်အောက် အပြိုင်ကဲကြသည့် ဇီးကုန်းသင်္ကြန် (ရုပ်သံ)
DVB
·
April 16, 2016
ပဲခူးတိုင်းအနောက်ခြမ်း ၈ မြို့နယ်ထဲက မြို့တမြို့နယ်ဖြစ်တဲ့ ဇီးကုန်းမြို့နယ်ရဲ့ မြို့နယ် ဗဟိုမဏ္ဍပ်ဟာ ရေပတ်သူတွေ၊ ရေပတ်ခံ ထွက်သူတွေနဲ့ စည်ကားနေပါတယ်။
မြို့ပေါ် ရပ်ကွက် ၅ ရပ်ကွက် ရှိပြီး ယိမ်းအဖွဲ့ ၆ ဖွဲ့က အလှည့်ကျ ဖျော်ဖြေပြီး ခေတ်ပေါ်တေးသီချင်းတွေနဲ့ ဝါသနာရှင် လူငယ်တွေက သီဆိုဖျော်ဖြေကြပါတယ်။
ဒါ့အပြင် ယာဉ်အန္တရာယ် ကင်းရှင်းစေရေး၊ စည်းကမ်းမဲ့ မော်တော်ဆိုင်ကယ် မော်တော်ယာဉ်တွေကိုလည်း တပါတည်း အသိပညာပေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ရုပ်သံ - ဇေယျာ