ဒဂုံစင်တာအရောင်းဆိုင် အမျိုးသမီးဝန်ထမ်းကို ချစ်သူက ကတ်ကြေးဖြင့် ထိုး
DVB
·
April 6, 2016

ဒဂုံစင်တာအရောင်းဆိုင် အမျိုးသမီးဝန်ထမ်းတဦးအား ချစ်သူဖြစ်သူက မျက်လုံးကို ကတ်ကြေးနဲ့ ထိုးလိုက်တဲ့အတွက် စမ်းချောင်းမြို့နယ် ရဲစခန်းက ဖမ်းဆီးလိုက်ပါတယ်။
ဒီနေ့မနက် ၉ နာရီအချိန် စမ်းချောင်းမြို့နယ် မြေနီကုန်း တောင်ရပ်ကွက် ဒဂုံစင်တာ(၁) ဒုတိယထပ်ရှိ ဖန်စီပစ္စည်းဆိုင်မှာ အမျိုးသမီးအရောင်းဝန်ထမ်း ဆိုင်ဖွင့်လှစ်ရောင်းချနေတုန်း ချစ်သူဟောင်း အသက် ၂၃ နှစ်အရွယ် နေဒွေးက ဆိုင်အတွင်း ၀င်ရောက်ပြီး လမ်းခွဲတဲ့ကိစ္စအတွက် မကျေနပ်တာကြောင့် ကတ်ကြေးနဲ့ ထိုးခဲ့တာလို့ ရန်ကုန်ရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်ပါတယ်။
ဆိုင်ဝန်ထမ်းအမျိုးသမီးမှာ ယာမျက်လုံးပေါက်ဒဏ်ရာ၊ ၀ဲမျက်လုံးအောက်၊ ၀ဲနားထင်၊ မေးစေ့၊ ယာလက်ခုံ၊ ယာလက်ဖ၀ါး၊ ယာချိုစောင်းတို့တွင် ထိုးသွင်းဒဏ်ရာတွေ ရရှိခဲ့တာကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပိုဆောင် ဆေးကုသမှုခံယူနေရပါတယ်။
စမ်းချောင်းမြို့မရဲစခန်း တပ်ဖွဲ့ဝင်တွေက ပြစ်မှုကျူးလွန်သူ နေဒွေးကို ဖမ်းဆီးရမိပြီး (ပ)၁၃၀/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၀၇/၄၅၂/၃၂၆ နဲ့ အမှုဖွင့်စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။ (သတင်းဓာတ်ပုံ - Yangon Police)