ပဲခူးတိုင်း လွှတ်တော်တွင် ၀န်ကြီးအမည်စာရင်းများ တင်သွင်း
မင်းညို
·
April 4, 2016
ဒီနေ့ ဧပြီလ ၄ ရက်နေ့မှာ ကျင်းပတဲ့ ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးမှာ တိုင်းဒေသ၀န်ကြီးတွေကို ခန့်အပ်ခဲ့ပါတယ်။
ဒီနေ့အစည်းဝေးမှာ ပဲခူးတိုင်းဝန်ကြီးချုပ်က အမည်စာရင်းသွင်းတဲ့ ၀န်ကြီးဋ္ဌာန ၇ ခုရဲ့ ၀န်ကြီးအမည်စာရင်း တင်သွင်းခဲ့ပါတယ်။
လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးခင်မောင်ဋ္ဌေး၊ ၊ကရင်တိုင်းရင်းသားရေးရာ ၀န်ကြီးအဖြစ် နော်ပွယ်ဆေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးအောင်ဇော်နိုင်၊ သယံဇာတ သစ်တော နှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးကျော်မင်းစံ၊ စည်ပင်သာယာနှင့် လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ ဥပဒေချုပ် ဦးစိုးသိမ်း နဲ့ စာရင်းစစ်ချုပ်အဖြစ် ဒေါ်မြင့်မြင့်ကြည် စတဲ့ ပြင်ပ ပညာရှင်တွေကို ခန့်ထားခဲ့ပြီး စက်မှုလျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကတော့ စိစစ်ဆဲဖြစ်တယ်လို့ ၀န်ကြီးချုပ်က အမည်စာရင်း တင်သွင်းသွားခဲ့ပါတယ်။
အမည်စာရင်းသွင်းပြီး မနက်ပိုင်းလွှတ်တော်ကို ရပ်နားလိုက်ပါတယ်။ နေ့လယ်ပိုင်းမှာတော့ ၀န်ကြီးချုပ်တင်ထားတဲ့ ၀န်ကြီးတွေကို အတည်ပြုဖို့အတွက် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ လွှတ်တော်ရက်တွေတုန်းကတော့ ဥပဒေရေးရာကော်မတီ၊ တိုင်းရင်းသားများအရေး ဆိုင်ရာ ကော်မတီ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ တောင်သူလယ်သမားနှင့် မြေယာကိစ္စရပ်များဆိုင်ရာ ကော်မတီ၊ လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးနှင့် ပြည်သူ့ငွေစာရင်းကော်မတီ စတဲ့ ကော်မတီ ၇ ခုကို ဖွဲ့စည်းနိုင်ခဲ့ပြီး အခုထပ်မံပြီး ကော်မတီ ၂ ဖွဲ့ဖို့ ကျန်ရှိနေပါသေးတယ်။