Home
မြန်မာသတင်း
လွှတ်တော်တွင် ပြည်ထောင်စုဝန်ကြီး ၁၈ ဦးစာရင်း တင်သွင်း
DVB
·
March 22, 2016
535258_10207131928869066_7800122260394009325_n
နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူထံမှ ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးသင့်တဲ့ ပုဂ္ဂိုလ် ၁၈ ဦးရဲ့ အမည်များကို ပြည်ထောင်စုလွှတ်တော်နာယက ဦးမန်းဝင်းခိုင်သန်းက ဒီကနေ့ မနက် ၁၀ နာရီမှာ ကျင်းပတဲ့  ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းပါတယ်။ ပြည်ထောင်စု ၀န်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးသင့်တဲ့ ပုဂ္ဂိုလ် ၁၈ ဦးရဲ့ အမည်စာရင်းမှာ... ၁။ ဒေါ်အောင်ဆန်းစုကြည် ၂။ ဒေါက်တာအောင်သူ ၃။ ဦးသန့်စင်မောင် ၄။ သူရဦးအောင်ကို ၅။ ဦးအုန်းဝင်း ၆။ ဦးသိန်းဆွေ ၇။ ဦးကျော်ဝင်း ၈။ ဦးခင်မောင်ချို ၉။ ဒေါက်တာမြင့်ထွေး ၁၀။ ဦးဝင်းခိုင် ၁၁။ ဒေါက်တာ ၀င်းမြတ်အေး ၁၂။ ဦးအုန်းမောင် ၁၃။ ဒေါက်တာ သန်းမြင့် ၁၄။ နိုင်သက်လွင် ၁၅။ ဒေါက်တာဖေမြင့် ၁၆။ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း ၁၇။ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ ၁၈။ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ဒီအမည်စာရင်းနဲ့ ပတ်သက်ပြီး သဘောတူကြောင်း ကြေညာခြင်း၊ သို့မဟုတ် ကန့်ကွက်လိုတဲ့ လွှတ်တော်ကိုယ်စားလှယ်များရှိပါက မတ်လ ၂၄ ရက်နေ့ မွန်းလွှဲ ၁ နာရီနောက်ဆုံးထားပြီး  အထောက်အထားပြည့်စုံစွာနဲ့ ကန့်ကွက်ကြောင်း ပြည်ထောင်စုလွှတ်တော် ညွှန်ကြားရေးမှူးချုပ် ထံ အမည်စာရင်းပေးဖို့ ကြေညာပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024