ထားဝယ်တွင် နှစ် ၇၀ အတွင်း အပူချိန် စံချိန်တင်မြင့်
DVB
·
March 20, 2016

မတ်လ ၂၀ ရက် ဒီကနေ့မှာ တနင်္သာရီတိုင်း၊ ထားဝယ်မြို့ရဲ့ အပူချိန် ၃၉ ဒီဂရီ စင်တီဂရိတ်အထိ စံချိန်တင်မြင့်မားခဲ့ပြီး နှစ်ပေါင်း ၇၀ အတွင်း အပူဆုံးပဲလို့ မိုးလေ၀သဌာနက သတင်းထုတ်ပါတယ်။
၂၀၁၀ ခုနှစ်၊ မတ်လ ၂၆ ရက်တုန်းက အပူချိန် ၃၈.၇ ထိ ပူခဲ့ဖူးပြီး ဒီနေ့မှာတော့ အဲ့ဒီစံချိန်ကိုချိုးပြီး အပူဆုံး ဖြစ်ခဲ့တာပါ။
အယ်လ်နီညိုလို့ခေါ်တဲ့ ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုဖြစ်စဉ် သက်ရောက်မှုကြောင့် ဇွန်လကုန်လောက်ထိ နိုင်ငံတ၀န်း အပူချိန်မြင့်မားနိုင်တယ်လို့ မိုးလေ၀သဌာက သတိပေး ထားပါတယ်။