Home
သတင်းဓာတ်ပုံ
ဂွမြို့နယ်တွင် တရားမ၀င်သစ်ကား တိမ်းမှောက်၊ ၂ ဦး သေဆုံး
DVB
·
March 17, 2016
10177276_987982817935374_2432246417822067924_n
10152469_987982747935381_6038625470077729937_n
1926641_987982707935385_1587917197999913329_n
10441379_987982851268704_7344181554036452552_n
10325156_987982984602024_5220917446250737608_n
ရခိုင်ပြည်နယ် ဂွမြို့နယ် ဆပ်သွားချောင်းဖျား ရွှေတောင်ဒေသမှာ မတ်လ ၁၅ ရက်နေ့ ည ၁ နာရီ ဝန်းကျင်မှာ တရားမဝင်သစ်တွေ တင်လာတဲ့ ကားတစီး တိမ်းမှောက်ခဲ့ပါတယ်။ ယာဉ်တိမ်းမှောက်ခဲ့တာကြောင့် ဂွမြို့နယ် ရဟိုင်ကူးတို့ကျေးရွာက ၃၂ နှစ် အရွယ် ကိုကြက်ဖကြီး နဲ့ ၅၁ နှစ်အရွယ် ကိုအာကျယ် တို့ သေဆုံးခဲ့ပြီး ကျန် ၆ ဦးမှာ ဒဏ်ရာရှိခဲ့ပါတယ်။ သေဆုံးသူတွေအတွက် တဦးကို ၃ သိန်းစီထောက်ပံ့ပေးခဲ့ပေမယ့် မိသားစု တခုကသာ လက်ခံခဲ့ပြီး နောက်မိသားစုတစုကတော့ လက်မခံခဲ့ဘူးလို့ သိရပါတယ်။ အဲ့ဒီသစ်ကားဟာ ကားလိုင်စင်ရှိပေမယ့် သစ်ကတော့ တရားမဝင် ထုတ်လုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။ ကညင်၊ စကားဝါ စတဲ့ သစ်မာ သစ် ၅ တန်လောက်ရှိတဲ့ ကားမှောက်ခဲ့တာဖြစ်ပြီး ဒေသခံ တွေအနေနဲ့ ဦးအောင်ဗိုလ်ပိုင်သစ်တွေဖြစ်တယ်လို့ ဒေသခံတွေက သိထားပေမယ့် သက်ဆိုင်ရာ ရဲစခန်းကတော့ ပိုင်ရှင်မဲ့ သစ်တွေအဖြစ်နဲ့ အမှုဖွင့်ထားပါတယ်။ ပြီးခဲ့တဲ့လထဲမှာလည်း အခုလို သစ်ကားမှောက်မှုတွေကြောင့် လူသေဆုံးမှုတွေရှိခဲ့ပေမယ့် သက်ဆိုင်ရာတာဝန်ရှိသူတွေက ဖမ်းဆီးရမိတဲ့ သစ်တွေကို ပိုင်ရှင်မဲ့ သစ်တွေအဖြစ်နဲ့ အမှုဖွင့်ခဲ့ဖူးပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024