Home
မြန်မာသတင်း
ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း လွန်ကဲအဆင့်စရောက်
DVB
·
March 17, 2016
1690533_1251993658148537_6255385914019395265_n
မြန်မာတနိုင်ငံလုံး ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း လွန်ကဲအဆင့် (Extreme Level)ကို စရောက်နေပြီလို့ မိုးလေ၀သနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင်က သူရဲ့ဖေ့စ်ဘုတ်စာမျက်နှာ မှာ ဖော်ပြထားပါတယ်။ "ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းတန်ဖိုးဟာ အမြင့်ဆုံးဖြစ်တဲ့ (> 11.0) လွန်ကဲအဆင့် EXtreme Level ကို စတင်ရောက်ရှိပါလိမ့်မယ်။" ခရမ်းလွန်ရောင်ခြည်ဟာ လိုအပ်တာထက် များသွားတဲ့အခါ အရေပြားတွန့်တာ၊ အစက် အပြောက်ထင်တာ၊ အရွယ်မတိုင်မှီ အိုမင်းရင့်ရော်တာတွေ အရေပြားကင်ဆာဖြစ်စေတာ၊  မျက်စိအမြင်အရုံထိခိုက်စေနိုင်တာနဲ့ သားသမီးမရနိုင်တဲ့ရောဂါတွေလည်း ရရှိနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က  သတိပေးထားပါတယ်။ ခရမ်းလွန်ရောင်ခြည်  အမြင့်ဆုံးဖြစ်တဲ့ မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအတွင်း အပြင်မထွက်သင့်သလို မဖြစ်မနေ ထွက်ရမယ်ဆိုရင်လည်း ခန္ဓာကိုယ်ကို အကာအကွယ် ပေးနိုင်မယ့် အ၀တ်အစားတွေ ထီး၊ ဦးထုပ်နဲ့ ရောင်ခြည်ဒဏ်ခံနိုင်မယ့် နေကာမျက်မှန်တို့ကို အသုံးပြူကြဖို့ကိုလည်း ပညာရှင်တွေက ညွန်ကြားထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024