Home
သတင်းဓာတ်ပုံ
၈ မိုင်ကုန်းကျော်တံတား စတင်ဖြတ်သန်းခွင့်ပေး
DVB
·
March 15, 2016
12832554_624301221058868_4264505866760956399_n
10359228_624303934391930_1464234061202395813_n
10355385_624303784391945_7650265726570894462_n
1924262_624303917725265_2406905194235562168_n
1013606_624301364392187_166964751214045146_n
943831_624303691058621_7510336200978150157_n
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်မှာ တည်ဆောက်နေတဲ့ ၈ မိုင်ကုန်းကျော် တံတားကို ဒီနေ့ မနက်ပိုင်းမှာ စတင်ဖြတ်သန်းခွင့်ပေးခဲ့ပါတယ်။ ငွေကျပ် ၁၅ ဒသမ ၅ ဘီလီယံကုန်ကျခံတည်ဆောက်ခဲ့တဲ့   ၈ မိုင်ကုန်းကျော်တံတားကို  ၇ လနဲ့ အပြီးဆောက်ဖို့ လျာထားပေမယ့် ၆ လခွဲနဲ့ အပြီးဆောက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ တံတားဖွင့်ပွဲကိုတော့မတ်လ ၂၃ ရက်နေ့ တပေါင်းလပြည့်နေ့မှာ ပြုလုပ်သွားမှာဖြစ်ပြီး ဖွင့်ပွဲလုပ်ဖို့ ပြင်ဆင်ဖို့အတွက် မတ်လ ၂၀ ရက်နေ့မှာ ခေတ္တပြန်ပိတ်ထားမှာ ဖြစ်ပါတယ်။ ၈ မိုင်ကုန်းကျော်တံတားကို Crown Advanced Construction Company က တာဝန်ယူ တည်ဆောက်ပေးပါတယ်။ ရန်ကုန်မြို့တွင်းမှာ လှည်းတန်း၊ မြေနီကုန်း၊ ရွှေဂုံတိုင် ကုန်းကျော် တံတားနဲ့ ဘုရင့်နောင်ကုန်းကျော်တံတားတွေကို တည်ဆောက်ပြီးစီးခဲ့ပြီး လက်ရှိမှာ တာမွေ ကုန်းကျော်တံတားကတော့ ဆောက်လုပ်နေဆဲဖြစ်ပါတယ်။ (ဓာတ်ပုံ - နွယ်လေး)  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024