၎ နှစ်အတွင်း ကလေးစစ်သား ၇၄၀ ကျော် နုတ်ထွက်ခွင့်ပြု
DVB
·
March 13, 2016

၂၀၁၂ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ ၄ နှစ်အတွင်း ကလေးစစ်သား ၇၄၀ ကျော် နှုတ်ထွက်ခွင့်ပြုခဲ့တယ်လို့ စစ်တပ်ပိုင်မြ၀တီသတင်းဌာနက သတင်းထုတ်ပါတယ်။
မတ်လ ၁၂ ရက်က ရန်ကုန်မြို့ စစ်ကြောရေးနဲ့ တည်းခိုရေးစခန်းမှာ ပြုလုပ်တဲ့ ကလေးစစ်သား ၄၆ ယောက် နုတ်ထွက်ခွင့်ပြုတဲ့ အခမ်းအနားမှာ ခုလို သတင်းထုတ်ခဲ့တာဖြစ်ပါတယ်။
ကလေးစစ်သားစုဆောင်းမှုမှာ ပါဝင်ခဲ့တဲ့ စစ်တပ်က အရာရှိနဲ့စစ်သည် ၃၈၀ ကျော်ကိုလည်း စစ်စည်းကမ်းနဲ့အညီ အရေးယူခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဆက်လက်ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကြောင့် မြန်မာ့တပ်မတော်နဲ့ အခြားလက်နက်ကိုင်အဖွဲ့တွေဟာ ကလေးငယ်တွေကို တပ်သားအဖြစ် စုဆောင်းတာ၊ အသုံးပြုတာတွေ ဆက်လက်ပြုလုပ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့က မနှစ်က သတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။
၂ဝ၁၂ ခုနှစ် ဇွန်လကစလို့ ကလေးတွေကို တပ်သားအဖြစ် စုဆောင်းတာနဲ့ အသုံးပြု တာကို အဆုံးသတ်ဖို့ ရည်ရွယ်ပြီး မြန်မာအစိုးရနဲ့ ကုလသမဂ္ဂတို့အကြား ပူးတွဲလုပ်ငန်းဆောင်ရွက်မှု စီမံချက်ကို သဘောတူလက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။