Home
မြန်မာသတင်း
ကလေးမြို့တွင် အမည်မသိ အမျိုးသားတဦး မြောင်းထဲတွင် သေဆုံးနေ
DVB
·
March 11, 2016
12806146_560186067490625_5724046392470395902_n
12806146_560186067490625_5724046392470395902_n
ကလေးမြို့ ချမ်းမြေ့အောင်စည်ရပ်ကွက် မနောသုခလမ်း (ကြောင်ပန်းကျောင်းလမ်း) ရှိ ဦးဘိုသန်း အိမ်ရှေ့မြောင်းကျဉ်းထဲမှာ ဒီနေ့ မနက် ၇ နာရီလောက်က အမျိုးသားတဦး အလောင်းကို တွေ့ရှိရပါတယ်။ အဆိုပါရပ်ကွက်နေ အမျိုးသမီး တဦးက “ဘယ်တုန်းကဖြစ်နေတာလဲတော့ မသိဘူး။ ရပ်ကွက်က လူတွေကတော့ မနက် ၇ နာရီ လောက်မှ သိကြတာ။ သိသိချင်း လူကြီးတွေက သက်ဆိုင်ရာကို ခေါ်ပြီး နာမှုကားနဲ့ တင်သွားတယ်”လို့ ပြောပါတယ်။ သေဆုံးသူမှာ အသက် ၄၀ အရွယ် အမျိုးသားတဦးဖြစ်ပြီး အရက်သေစာသောက်စားကာ အမူးလွန် မြောင်းထဲပြုတ်ကျ သေဆုံးတဲ့ အနေအထားရှိပြီး ပြင်ဒဏ်ရာ တစုံတရာ မတွေ့ရကြောင်း နာမည်နဲ့ နေရပ်လိပ်စာ စုံစမ်းဆဲဖြစ်တယ်လို့ သိရှိရပါတယ်။ လမ်းဘေးမြောင်းမှာ ရေနက် တစ်တောင်ခန့်ရှိပြီး ဖြစ်စဉ်အား သေမှုသေခင်းနဲ့ အမှုဖွင့်ဆောင်ရွက်နေတယ်လို့ ကလေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး တင်ဇော်ထွန်းက ပြောပါတယ်။ သတင်းဓာတ်ပုံ - မင်းရဲစစ်နိုင်  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024