Home
မြန်မာသတင်း
အန္တရာယ်ရှိ ဆိုးဆေး ၄ မျိုး ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်
DVB
·
March 9, 2016
12631273_1012903375399246_7575095169898623778_n
12644902_1012903398732577_4760129657856600067_n
မြန်မာနိုင်ငံက စားသောက်ကုန်တွေမှာ  အများဆုံး အသုံးပြုကြတဲ့ ဆိုးဆေး ၄ မျိုးနဲ့ အဲ့ဒီ ဆိုးဆေးတွေရဲ့ အန္တရာယ်ကြီးမားပုံတွေကို ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက အသိပေးထုတ်ပြန်ပါတယ်။ ဖိနပ်သားရေတွေကို အရောင်ဆိုးတဲ့ Sudan Dyes အနီရောင်ဆိုးဆေးကို ငရုတ်သီးမှုန့်၊ အရောင်တင်မှုန့်တွေမှာ အများဆုံးအသုံးပြုနေကြောင်း တွေ့ရှိရပြီး အဲ့ဒီဆိုးဆေးကြောင့် အသည်းနဲ့ ကျောက်ကပ်ပျက်စီးနိုင်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရဲ့ ပညာပေးလက်ကမ်းစာစောင်မှာ ဖော်ပြပါတယ်။ ချည်ထည် ပိုးထည်တွေကို အရောင်ဆိုးတဲ့ Auramine O အော်ရာမင်းအို အ၀ါရောင်ဆိုးဆေးကို လက်ဖက်မှာ အများဆုံး အသုံးပြုကြပြီး လတ်တလော အဆိပ်အတောက် မဖြစ်နိုင်ပေမယ့် ရေရှည်မှာ ဆန္ဓာကိုယ်ကြီးထွားမှုကို ထိခိုက်စေတယ်၊ အသည်းနဲ့ကျောက်ကပ် ပျက်စီးစေနိုင်ပြီး ကင်ဆာရောဂါဖြစ်စေနိုင်တယ်လို့ စာစောင်မှာ သတိပေးထားပါတယ်။ တခါ ဓာတ်ခွဲခန်းသုံး ဆိုးဆေးတမျိုးဖြစ်သလို ချည်ထည် ပိုးထည်တွေမှာ အရောင်ဆိုးတဲ့နေရာမှာ အသုံးပြုတဲ့ Rhodamine B အနိရောင်ဆိုးဆေးကို ငါးပိအမြင်လှအောင် အရောင်တင်ရာမှာ သုံးနေကြတယ်၊ အဲ့ဒီဆိုးဆေးသုံး ငါးပိကို စားမိသူတွေဟာ အစာအိမ်အူလမ်းကြောင်း ရောင်ရမ်းခြင်း၊ ပျိ့ခြင်း၊ အန်ခြင်း၊ ဦးနှောက်အာရုံကြော ထိုင်းမှိုင်းခြင်း စတဲ့ လတ်တလော ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ကြောင်းလည်း ကျန်းမာရေးစာစောင်မှာ ဖြော်ပပါတယ်။ ငရုတ်သီးမှုန့်၊ယိုစုံ၊ ပဲနီလေးတို့ အရောင်လှအောင်ဆိုးတဲ့ Orange || လိမ္မော်ရောင် ဆိုးဆေး ကြောင့်လည်း အစာအိမ်အူလမ်းကြောင်း ရောင်ရမ်းခြင်း၊ ပျိ့ခြင်း၊ အန်ခြင်း၊ ဦးနှောက်အာရုံကြော ထိုင်းမှိုင်းခြင်း စတဲ့ လတ်တလော ဆိုးကျိုးတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ အနီရောင်၊ အ၀ါရောင်၊ လိမ္မော်ရောင်စတဲ့ ဆိုးဆေးမှာ အသုံးပြုထားတဲ့ အစားအသောက်တွေဟာ မျက်စိပသာဒရှိရုံကလွဲပြီး အာဟာရ တစုံတရာ မပါရှိဘဲ စားသုံးသူကို ဆိုးကျိုးများသာပေးတာကြောင့် အဲ့ဒီ ဆိုးဆေးသုံးအစားအစာတွေကို မစားကြဖို့ ကျန်းမာရေး၊ အစားအသောက်ကွပ်ကဲရေးဌာနက နှိုးဆော်သတိပေးပါတယ်။ 12644902_1012903398732577_4760129657856600067_nဒါ့အပြင် စားသောက်ကုန်ထုတ်လုပ်သူများအနေနဲ့ သုံးစွဲဖို့ ခွင့်ပြုမထားတဲ့ ဓာတုဆေးဝါးတွေသုံးပြီး စားသောက်ကုန်တွေ မထုတ်လုပ်ကြဖို့နဲ့ ထုတ်လုပ်ရင် အစားအသောက်ဥပဒေပုဒ်မ (၂၈)က အရ တရားစွဲဆို အရေးယူမယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024