မြိတ်ကျွန်းစု၌ လေတပ်စစ်ရေးလေ့ကျင့်မည်၊ သင်္ဘာများမဖြတ်သန်းရန်သတိပေး
DVB
·
March 5, 2016

တနင်္သာရီတိုင်း မြိတ်ခရိုင်လေတပ်စခန်းဌာနချုပ်က ရဟတ်ယာဉ်တွေဟာ ကျွန်းစုမြို့နယ် မှာ ဝေဟင်-မြေပြင် စစ်ရေးလေ့ကျင့်ဖို့ရှိတဲ့အတွက် ရေယာဉ်သင်္ဘောတွေကို ဖြတ်သန်း သွား လာတာတွေမလုပ်ဖို့ အစိုးရက သတိပေးထားပါတယ်။
မတ်လ ၇ ရက်နဲ့ ၈ ရက်တွေမှာ စစ်ရဟတ်ယာဉ်တွေ တစ်နေ့၃ ခေါက်နှုန်း လေ့ကျင့် ပစ်ခတ်ဖို့ရှိလို့ မြိတ်-ကျွန်းစုပြေးဆွဲတဲ့ အမြန်ရေယာဉ်သဘောင်္ကြီးငယ်တွေ၊ စက်လှေတွေ ပစ်ခတ်မှုဧရိယာအနီး ဖြတ်သန်းမောင်းနှင်တာ၊ ကျောက်ချရပ်နား ငါးဖမ်းတာတွေမလုပ်ဖို့ ရေကြောင်းပို့ဆောင်ရေး ဦးစီးဌာနကို ကိုးကားပြီး အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။
မြိတ်ခရိုင်လေတပ်စခန်းဌာနချုပ် ကွပ်ကဲမှုအောက်ရှိ အမှတ်(၅၇) ရဟတ်ယာဉ်အဖွဲ့က အမ်အိုင်-၂ ရဟတ်ယာဉ်တွေနဲ့ ကျွန်းစုမြို့နယ်အတွင်းရှိ ကုလားကျွန်း(ခေါ်) ကျွန်းဆင်းရဲမှာ ဝေဟင်-မြေပြင် စမ်းသပ် လေ့ကျင့် ပစ်ခတ်ဖို့ရှိတဲ့အတွက် မတ်လ ၁ ရက်၊ ၃ရက်နဲ့ ၄ ရက်နေ့တွေမှာလည်း လှေသင်္ဘောတွေ လုံးဝ ဖြတ်သန်းမောင်းနှင်တာ မလုပ်ဖို့ သတိပေးထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။
လိုက်နာမှုမရှိတဲ့ ရေယာဉ်တွေကို တည်ဆဲဥပဒေနှင့်အညီ ဆောင်ရွက်သွား မယ်လို့လည်း အစိုးရက သတိပေးထားပါတယ်။