Home
သတင်းဓာတ်ပုံ
လွှတ်တော်ထဲက တပ်မတော်သား အစိတ်သားထွက်သွားဆိုတဲ့ ဆန္ဒပြပွဲပြုလုပ်ခဲ့သည့် ကျောင်းသားများ ရုံးထုတ်
DVB
·
February 25, 2016
12744475_10209038899116206_8332702365659900635_n
12512265_10209038898716196_8937558901169082437_n
12742626_10209038898876200_5588979881208314761_n
12742368_10209038899756222_349796471871362320_n
လွှတ်တော်ထဲက တပ်မတော်သား အစိတ်သားထွက်သွားဆိုတဲ့ ဆန္ဒပြပွဲပြလုပ်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူနဲ့ ကိုနန်းလင်းတို့ကို ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုထားတာကိုအမှုစစ်ဖို့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ကျောက်တံတားတရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၅ ဩဂုတ်လ ၂၃ ရက်က မဟာဗန္တုလပန်းခြံတွင် Failed law ကမ်ပိန်း ပြုလုပ်မှုနဲ့တကသမှ ကိုဖိုးသားနဲ့ ကိုမင်းသူကျော်ကို ကျောက်တံတားတရားရုံးမှာ အမှုစစ်ဖို့ ဆင့်ခေါ်ထားကြောင်းလည်း သိရပါတယ်။ "ကျနော်တို့ ပုဒ်မ ၁၈ ထိထားတာ ဩဂုတ်လ ၂၀၁၅ ထဲကပေါ့နော် တော်တော်ကြာခဲ့ပြီ အဲဒီအမှုကိုလွန်ခဲ့တဲ့ ၂ ရက် ၃ ရက်လောက်ကမှ ဖုန်းဆက်လာပြီးတော့ တရားရုံးပိုလာဖို့ ဆင့်ခေါ်တယ်။ ဒီကျောက်တံတားစခန်းမှူးက ဖုန်းဆက်ပြီးဆင့်ခေါ်တယ် အဲဒီအတွက် လာပြီးတော့ တရားရုံးကိုတက်တယ်ပေါ့ တက်တယ်ဆိုတာ ကျနော်က အမှုရင်ဆိုင်တာ မဟုတ်ဘူး အမှုကို အယုံကြည် မရှိဘူး အယုံအကြည်မရှိတဲ့အတွက် အမှုမရင်ဆိုင်ဘူး ရင်မဆိုင်ကြောင်းလာပြောပြတာ ပုဒ်မ ၁၈ကို အယုံအကြည်မရှိဘူးဆိုတာ လာပြောပြတာ။" ပုဒ်မ ၁၈ နဲ့ တရားစွဲခံထားရတဲ့ ကိုမင်းသူကျော်က ဒီဗွီဘီကို ပြောပါတယ်။ ကျောက်တံတားမြို့နယ်မှာ failed law ကမ်ပိန်းပြုလုပ်မှု တရားစွဲဆိုခံထားရတဲ့ ကိုဖိုးသားနဲ့ ကိုမင်းသူကျော်တို့ကို အာမခံပေးသော်လည်း မယူတာကြောင့် အင်းစိန်ထောင်ကို ဖမ်းဆီးခေါ်ဆောင်သွားမှာဖြစ်ကာ မတ်လ ၉ ရက်နေ့တွင် အမှုစစ်ရန် တရားရုံးမှ ချိန်းဆို လိုက်ကြောင်းသိရပါတယ်။ သတင်းဓာတ်ပုံ - ကောင်းထက်ကျော်  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024