ချင်းပြည်နယ်က ကျောက်သင်ပုန်းတွေ မိုးထားတဲ့အိမ် (ဓာတ်ပုံ)
DVB
·
February 23, 2016
ချင်းပြည်နယ် ဖလမ်းမြို့နယ်ရှိ လုမ်းဘန်နှ်င့် ပါရ်သဲရွာတွေမှာ ကျောက်သင်ပုန်းတွေ မိုးထားတဲ့အိမ်တွေကို တွေ့ရမှာ ဖြစ်ပါတယ်။ လုမ်းဘန်နှ်င့် ပါရ်သဲရွာ ၂ ရွာပေါင်း အိမ်ခြေ ၁၅၀ လောက်မှာ ကျောက်သင်ပုန်း မိုးထားတဲ့အိမ် ၄ အိမ်လောက်သာ ကျန်ရှိတော့တာပါ။
ကျောက်သင်ပုန်းတွေကို ရွာအနီးရှိ ကျောက်တောင်တွေကနေ ရရှိတာဖြစ်ပြီး အမိုးမိုးတဲ့အခါ သက်တမ်းရင့်ကျောက်တွေကိုသာ သုံးကြတာဖြစ်ပါတယ်။ အမိုးမိုးတဲ့အခါ သက်တမ်းနုကျောက် တွေက သံရိုက်မခံဘဲ ကွဲထွက်တဲ့အတွက် သက်တမ်းရင့် ကျောက်သင်ပုန်းတွေကို သုံးရတာ ဖြစ်တယ်လို့ သိရပါတယ်။
အခုလက်ရှိအိမ်တွေက အနည်းဆုံးနှစ်ပေါင်း ၃၀ ကနေ ၅၀ လောက်ထိရှိနေပြီလို့သိရပါတယ်။ သံရိုက်တဲ့အခါ ကျောက်သင်ပုန်းပြားတွေကို အရင်အပေါက်ဖောက်ပြီးမှ သံမှာ ပလပ်စတစ်တွေ ခံပြီး ရိုက်တာလို့ သိရပါတယ်။
နောက်လူတွေက ကုန်ဈေးနှုန်းအရရော အစစလွယ်ကူသက်သာတဲ့ သွပ်တွေကို အသုံးပြုကြ တော့တာဖြစ်တယ်လို့ သိရပါတယ်။ (သတင်းဓာတ်ပုံ - အောင်ကိုလတ်)