အိန္ဒိယဆိုင်ကယ်သမား ၂၂ ဦး အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံဖြတ်ကျော် ခရီးနှင်
DVB
·
February 22, 2016

အိန္ဒိယနိုင်ငံမှ ကမ္ဘာလှည့်ခရီးသည် ၂၂ ဦးဟာ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ ဖြတ်ကျော်ခရီးစဉ်ကို ဆိုင်ကယ်နဲ့ ခရီးနှင်ခဲ့ကြတယ်လို့ mid-day.com သတင်းမှာ ဖေဖော်ဝါရီ ၂၂ ရက်နေ့က ဖော်ပြပါတယ်။
ဒီခရီးစဉ်ဟာ ပြီးခဲ့တဲ့နှစ်က အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီး ဖွင့်လှစ်ခဲ့ပြီးတဲ့နောက်မှာ စွန့်စားခရီးသွားလာရတာ နှစ်သက်သူတွေအတွက် စိတ်ဝင်စားမှု မြင့်လာခဲ့တာပါ။
ခရီးသွားကုမ္ပဏီ Adventures Overland က ဒီခရီးစဉ်ကို စီစဉ်တာဖြစ်ပြီး ၈ ရက်ကြာခရီးစဉ်ကို မဏိပူရပြည်နယ်မြို့တော် အင်ဖာမှ စတင်ခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။
ခရီးစဉ်အကွာအဝေးဟာ မြန်မာနိုင်ငံကို ဖြတ်သန်းပြီး ထိုင်းနိုင်ငံဆီရောက်ဖို့ ကီလိုမီတာ ၄၅၀၀ နီးပါး ရှိခဲ့တာပါ။
ခရီးစဉ်မှာ ခေါင်းဆောင်တွေအဖြစ် ဆန်ဂျေးမေဒန်နဲ့ တူရှာအက်ဂါဝဲလ်တို့ ပါဝင်ခဲ့ကြပြီး ၄ လလောက် ကြိုတင်ပြင်ဆင်ခဲ့ကြရတယ်လို့ ဆိုပါတယ်။
မူလက ခရီးစဉ်မှာလိုက်ပါဖို့ လူပေါင်း ၂ သောင်းလောက် လာရောက် စာရင်းပေးခဲ့ကြပေမယ့် ကုန်ကျစရိတ် ၃ သိန်းခွဲ ရှိခဲ့တာမို့ နောက်ဆုံးမှာ ၂၀ ဦးသာ ကျန်နေခဲ့တာလို့ မေဒန်က ပြောပါတယ်။