ပခုက္ကူတွင် တရားမ၀င်သစ်များ ဖမ်းမိ (သတင်းဓာတ်ပုံ)
DVB
·
February 22, 2016
ဖေဖော်ဝါရီ ၂၁ ရက်နေ့က ပခုက္ကူမြို့ လယ်ယာကျေးရွာအနီး တောင်စောင်းတနေရာမှာ တရားမဝင်သစ်တွေ ဖမ်းဆီးရမိခဲ့ပါတယ်။
အဲဒီနေရာဟာ ၂၅၂ စစ်တပ်ရဲ့ နောက်ဘက်မှာရှိပြီး သစ်တန်ရေနဲ့ ပိုင်ရှင်ဘယ်သူဖြစ်တယ် ဆိုတာကို သက်ဆိုင်ရာက ထုတ်ပြန်ခြင်း မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ၁ လကျော်ကလည်း ခုနေရာနဲ့ မလှမ်းမကမ်း နေရာကနေ သစ်တန် ၅၀ လောက် ဖမ်းမိခဲ့ပြီး ပိုင်ရှင်မဲ့အဖြစ် သက်ဆိုင်ရာက သိမ်းယူခဲ့ရတယ်လို့ ဒေသခံ သတင်းထောက်က ပြောပါတယ်။
သတင်းဓာတ်ပုံ - မြင့်နိုင်