Home
မြန်မာသတင်း
မူးယစ်ဆေးဝါးသုံးစွဲမှု စစ်တမ်းကောက်ယူရေး ယူအန်အိုဒီစီနှင့် ပူးပေါင်းလုပ်မည်
DVB
·
February 18, 2016
12734276_1085984974787634_2975918583626714109_n
12729372_1085984964787635_5264431279055583962_n
မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါးသုံးစွဲမှု စစ်တမ်း ကောက်ယူရေးလုပ်ငန်းကို အမေရိကန်နိုင်ငံရဲ့ ရန်ပုံငွေပံ့ပိုးကူညီမှုနဲ့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှုတိုက်ဖျက်ရေးရုံး (ယူအန်အိုဒီစီ)နဲ့ ပူးပေါင်းပြီးဆောင်ရွက်သွားမယ်လို့ မူးယစ်ဗဟိုအဖွဲ့ အတွင်းရေးမှူး မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရဲချုပ်ဇော်ဝင်းက ပြောပါတယ်။ ဖေဖော်ဝါရီ ၁၆ ရက်နေ့က မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ် အစည်းအဝေး ခန်းမမှာ ပထမအကြိမ် မူးယစ်ဆေးဝါးသုံးစွဲမှု စစ်တမ်းကောက်ယူခြင်းဆိုင်ရာ အမျိုးသားအဆင့် လမ်းညွှန်ကြီးကြပ်မှု ကော်မတီအစည်းအဝေးမှာ ရဲချုပ်ဇော်ဝင်းက ပြောကြားခဲ့တာလို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ အဲဒီစစ်တမ်းကောက်ားခြင်းလုပ်ငန်းကို တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၅ ခုမှာ ၁ နှစ်ကြာအောင် စစ်တမ်းကောက်ယူမှာပါ။ ဒါပြင် ၁ နှစ်ကြာ စစ်တမ်းက ရရှိလာမယ့် မူးယစ်ဆေးဝါးနဲ့ ဆက်နွှယ်တဲ့ ကျန်းမာရေးဆိုးကျိုးတွေ သုံးစွဲပုံ၊ သုံးစွဲနည်းတွေကို၊ သုံးစွဲပျံ့နှံ့မှု ပမာဏ စတဲ့ တွေ့ရှိချက်တွေကို သက်ဆိုင်ရာ အစိုးရဌာနတွေဆီ တင်ပြမှာလည်း ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံအတွင်း မူးယစ်ဆေးဝါးသုံးစွဲမှု ကြိုတင်ကာကွယ်ရေး၊ တားဆီးနှိမ်နင်းရေး၊ ကုသရေးနဲ့ ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းစဉ်တွေရဲ့ မူဝါဒ ချမှတ်ခြင်းနဲ့ လုပ်ငန်းစဉ်တွေ ရေးဆွဲခြင်းတွေမှာ အထောက်အကူဖြစ်စေပြီး၊ လက်ရှိဖြစ်ပေါ်နေတဲ့ မူးယစ်ဆေးဝါးသုံးစွဲပျံ့နှံ့မှု ပြဿနာရဲ့ အတိမ်အနက်ကို နားလည်သဘောပေါက်စေမှာ ဖြစ်တယ်လို့ ရဲချုပ် ဇော်ဝင်းကပြောပါတယ်။ 12734276_1085984974787634_2975918583626714109_nမြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လအတွင်းက ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်မှာ WY စိတ်ကြွဆေးပြား ၂၆ သန်းကျော် ဖမ်းမိပြီးတဲ့နောက်ပိုင်း သိန်းနဲ့ချီတဲ့ မူးယစ်ဆေးဝါးတွေ ထပ်မံဖမ်းမိခဲ့ပါတယ်။ ဒီမူးယစ်မှုတွေနဲ့ ပက်သက်လို့ လူတချို့ကို အမှုဖွင့် အရေးယူထားပေမယ့် လွတ်မြောက်နေတဲ့ သူတွေလည်း ရှိနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024