Home
မြန်မာသတင်း
ရေးမြို့နယ်တွင် တနေ့တည်း မီးလောင်ကျွမ်းမှု ၃ နေရာဖြစ်ပွား
DVB
·
February 14, 2016
12742447_10208364242173996_5997416320810524488_n
12733468_10208364242213997_871327326675649577_n
12705341_10208364242574006_5103127455965360191_n
12687845_10208364242133995_4681602394316074762_n
မွန်ပြည်နယ် ရေးမြို့နယ်မှာ ဖေဖော်ဝါရီ ၁၃ ရက်နေ့ တရက်တည်း မီးလောင်ကျွမ်းမှုတွေ နေရာ ၃ နေရာမှာ ဖြစ်ပွားခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ် အချိန်လောက်က ရေးမြို့နယ် ချောင်းတောင်ကျေးရွာမှာ နေအိမ်တလုံး မီးဖိုဆောင်မီးကြွင်းမီးကျန်ကနေ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါတယ်။ မီးလောင်ကျွမ်းမှုကို မီးသတ်ယာဉ် ၃ စီး၊ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေ ၀ိုင်းဝန်းငြှိမ်းသတ်နိုင်ခဲ့လို့ မိနစ် ၂၀ အကြာမှာ မီးငြိမ်းသွားခဲ့ပြီး နေအိမ်တလုံးသာ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒီဗွီဘီ နယ်ခံသတင်းထောက်က ပြောပါတယ်။ တချိန်တည်းမှာပဲ ရေးမြို့နယ် အဘော် ကျေးရွာအုပ်စု လေယာဉ်ကွင်းဟောင်းနေရာရှိ စွန့်ပစ်အမှိုက်ပုံတွေကနေတဆင့် မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားပေမယ့် မီးသတ်တပ်ဖွဲ့ဝင်တွေက မီးငြိမ်းသတ်နိုင်ခဲ့လို့ အနီးအနားရှိ ရာဘာပင်အနည်းငယ်သာ မီးလောင်ကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။ အလားတူ လမိုင်းမြို့မ ၃ ရပ်ကွက် ရွှေချောင်းလမ်းမှာလည်း ဖက်မိုးထရံကာပျဉ်ခင်းနေအိမ်တလုံး မီးကြွင်းမီးကျန်ကနေတဆင့် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်လောက်က မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါတယ်။ မီးသတ်ယာဉ် ၂ စီးနဲ့အတူ မီးသတ်တပ်ဖွဲ့တွေက ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့လို့  ၂၅ မိနစ်လောက်အကြာမှာ မီးငြိမ်းသွားခဲ့ပါတယ်။ သတင်းဓာတ်ပုံ - နေမျိုးထွဋ်  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024