Home
သတင်းဓာတ်ပုံ
လေယာဉ်ပျက်ကျ သေဆုံးသူ ၅ ဦးကို နေပြည်တော် စစ်သင်္ချိုင်းတွင် သင်္ဂြိုဟ်
နေဖြိုးဝင်း
·
February 12, 2016
12743730_1232924280055922_409828161778839271_n
12742492_1232924456722571_7986946376000789423_n
12733643_1232924193389264_5364995274753275625_n
12717791_1232924483389235_3624471689490763970_n
12670176_1232924433389240_4353477754073255984_n
နေပြည်တော်၊ လယ်ဝေးမြို့နယ်အတွင်း တပ်မတော်လေယာဉ် ပျက်ကျမှုကြောင့် သေဆုံးခဲ့တဲ့ တပ်မတော်သား ၅ ဦးကို ဒီနေ့ မနက်ပိုင်းက နေပြည်တော်ရှိ စစ်သင်္ချိုင်းမှာ သင်္ဂြိုဟ်ပါတယ်။ ဖေဖော်ဝါရီ ၁၀ ရက် မနက် ၉ နာရီ ၄၁ မိနစ်အချိန်က တပ်မတော်လေယာဉ် B 1900 ဟာ နေပြေည်တော်လေယာဉ်ကွင်းကနေ စတက်ပြီး မကြာမီ လယ်ဝေးမြို့နယ် ရွှေပြည်သာ ကျေးရွာအုပ်စု၊ ကြံခင်းကျေးရွာ တောင်ဘက် မတ်ပဲစိုက်ခင်းအတွင်း ပျက်ကျခဲ့ပြီး မီးလောင် ကျွမ်းသွားခဲ့လို့ သေဆုံးခဲ့ကြတာဖြစ်ပါတယ်။ လေယာဉ်ပေါ်မှာ လိုက်ပါလာသူ ဗိုလ်မှူး ၁ ဦး၊ ဗိုလ်ကြီး ၂ ဦး၊ ဒုတပ်ကြပ် ၁ ဦးအပါအ၀င် ၄ ဦး အခင်းဖြစ်ပွား နေရာမှာ သေဆုံးခဲ့ပြီး ဒုတပ်ကြပ်တဦးကတော့ ဆေးရုံ မှာ သေဆုံးခဲ့တာဖြစ်ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ BEECH-1900 D အမျိုးအစား အလတ်စားသယ်ယူပို့ဆောင်ရေး လေယာဉ်ဟာ ဖေဖော်ဝါရီ ၁၀ ရက်နေ့ မနက် ၉ နာရီ ၄၅ မိနစ်လောက်မှာ ပုံမှန် Flight Check ဆောင်ရွက်ဖို့ နေပြည်တော်လေဆိပ်မှအတက် လေထဲမှာ စက်ချို့ယွင်းပြီး ပျက်ကျခဲ့တယ်လို့ ဆိုပါတယ်။    
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024