ချင်းမိုင်မြို့က ပန်းပွဲတော် (ဓာတ်ပုံ)
DVB
·
February 5, 2016
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ကျုံးထောင့်က နှစ်စဉ်ကျင်းပနေကျ စွန်ဘိုဟ ပန်းခြံမှာ အကြိမ် ၄၀ မြောက် ပန်းပွဲတော်ကို ဖေဖော်ဝါရီ ၅ ရက်နေ့က စတင်ကျင်းပနေပါတယ်။
ဒီပွဲတော်ကို ဖေဖော်ဝါရီ ၅ ရက်ကနေ ၇ ရက်အထိ ကျင်းပမှာ ဖြစ်ပြီး ဈေးရောင်းပွဲတွေလည်း ထည့်သွင်းထားသလို ပန်းအလှပြကားတွေနဲ့လည်း ခမ်းခမ်းနားနားလှည့်လည်ပြသမှာ ဖြစ်ပါတယ်။
အရောင်အသွေးစုံလင်တဲ့ ပန်းအမျိုးအစားတွေ ပါဝင်တဲ့ ချင်းမိုင်း ပန်းပွဲတော်ကို ၁၉၇၇ ခုနှစ်ကနေ စတင်ကျင်းပလာတာ ဖြစ်ပါတယ်။
သတင်းဓာတ်ပုံ - အေးနိုင်